.
“ ရှမ်းပြည်နယ် အစိုးရရယ်လို့ ဖြစ်လာရင်၊ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ အစိုးရအဖွဲ့တွေရော အားလုံးက ရှမ်းပြည်နယ် ပြည်သူတွေရဲ့ လက်လှမ်း မီနိုင်တဲ့ နေရာနဲ့ ပြောနိုင်၊ ဆိုနိုင်၊ ဆွေးနွေးနိုင်တဲ့ လူမျိုး၊ ပြည်သူရဲ့အကျိုးကို စဉ်းစားပြီး လုပ်ပေးနိုင်တဲ့ လူမျိုးကို ရွေးစေချင်ပါတယ်။” ဟု ဦးအောင်အောင် (ခ) ဦးတင်အောင်မျိုးက ပြောသည်။
.
ထို့အတူ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ အပြီး ရွေးကောက် တင်မြှောက်ခံရသူများမှာ တောင်ကြီးမြို့သား မရှိသလောက် ဖြစ်ကာ တောင်ကြီးမြို့ အကြောင်းကို ဂဃနဏ သိရှိသူများ မဟုတ်ဘဲ တောင်ကြီးမြို့နယ်အတွင်း နေထိုင်သူများ၏ အကျိုးစီးပွားကိုလည်း မသိရှိသူများကြောင်းကိုလည်း ပြည်သူ့ပါတီ(PP)၊ ရှမ်းပြည်နယ် ဥက္ကဌက ပြောဆိုခဲ့သည်။
.
“ ပါတီကို ကြည့်တာတွေ၊ လူကို ကြည့်တာတွေက ဘယ်လိုပဲ ပြောပြောပေါ့။ ၂၀၁၅ မှာ တက်လာတဲ့ အစိုးရ ဝန်ကြီးတွေ ဆိုတာကလည်း တောင်ကြီးမြို့သား မရှိသလောက်ပါပဲ။ တောင်ကြီးရဲ့ အကျိုးအကြောင်းကိုလည်း ဂဃနဏ သိတဲ့ လူလည်း မရှိကြဘူး။ တောင်ကြီးမြို့နယ်မှာ နေတဲ့သူတွေရဲ့ အကျိုးစီးပွားကိုလည်း ရေရေရာရာ မသိတဲ့လူ များတယ်။ ပြည်သူနဲ့ ကင်းကွာတဲ့ လူတွေ ဖြစ်ကြတယ်။”ဟု ဦးအောင်အောင် (ခ) ဦးတင်အောင်မျိုးက ပြောသည်။
.
ပြည်သူ့ပါတီသည် ရှမ်းပြည်နယ်အတွင်း၌ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ ၅ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ် ခံသွားမည် ဖြစ်ရာ ယင်းမဲဆန္ဒနယ်များမှာ ရှမ်းပြည်နယ်လွှတ်တော်အတွက် တောင်ကြီးမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ၄ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်တို့ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment