စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင်
အရေးပေါ်လူနာတင်ယာဉ် ဝယ်ယူနိုင်ရေး အတွက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်
မဟာသဒ္ဓမ္မဇောတိကဓဇ ဂန္ဓရသဝံသော က ယနေ့ အောက်တိုဘာလ ၁၂ ရက်နံနက်ပိုင်းတွင် အလှူငွေများ
ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
.
အလှူငွေ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်က
လှူဒါန်းမှုနှင့်ပတ်သက်၍ ဩဝါဒမိန့်ကြားပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး
ဦးသန့်ဇင်ဦးက မိုင်းယောင်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တွင် အရေးပေါ်လူနာတင်ယာဉ် မရှိသေးသည့်အတွက် လူနာတင်ယာဉ်တစ်စီး
လိုအပ်လျက်ရှိပါကြောင်း ရှင်းလင်းလျှောက်ထားသည်။
.
ထို့နောက် ဆရာတော်က အရေးပေါ်လူနာတင်ယာဉ် ဝယ်ယူနိုင်ရန်အတွက် အလှူငွေကျပ်
၂ သိန်းကို ပေးအပ် ချီးမြှင့်ရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့်
တပ်ခွဲမှူး ဦးစိုးမြတ်ဟိန်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်ကာ
ကျေးဇူးတင်စကား လျှောက်ထားခဲ့ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် COVID-19 ရောဂါ
ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး မတော်တဆမှုနှင့်
သဘာဝဘေး ဖြစ်ပွားချိန်တွင် အသုံးပြုရန် အရေးပေါ်လူနာတင်ယာဉ် လိုအပ်နေလျက်ရှိရာ အလှူရှင်များအနေဖြင့်
ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
.
No comments:
Post a Comment