အောင်ပန်းတွင် ဖုန်းအားသွင်းရာမှ ဝါယာကြိုးအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, October 11, 2020

အောင်ပန်းတွင် ဖုန်းအားသွင်းရာမှ ဝါယာကြိုးအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွား

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်၊ ည ၉ နာရီခွဲခန့်က ဖုန်းအားသွင်းရာမှ ဝါယာကြိုး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဦးသန့်လမ်းရှိ အိမ်ရှင် ဦးကျော်သိန်း ပိုင်ဆိုင်သည့် တစ်ထပ်တိုက် ၅ ခန်းအနက် အရှေ့ဘက် ဒုတိယအခန်းရှိ အမြန်ချောပို့လုပ်ငန်း လုပ်ကိုင်သူ မဝေဝေစိုး မှ လျှပ်စစ်မီးခုံတွင် ခလုတ်ဖွင့်ကာ ဖုန်းအားသွင်းထားခဲ့ရာမှ အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွမ်းနှင့် ကွမ်းပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သည့် ပထမအခန်းနှင့် အထည်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် တတိယအခန်း တို့အား  မီးဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

.

မီးလောင်မှု ဖြစ်ပွားရာသို့ အောင်ပန်းမြို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဆောင်ကာ တပ်ဖွဲ့ဝင် ၆ ဦး၊ မီးသတ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂ သိန်းရှိကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ လျှပ်စစ်မီး ပေါ့ဆစွာသုံးစွဲသူ မဝေဝေစိုးအား အောင်ပန်းနယ်မြေရဲစခန်းတွင် (ပ)၁၆၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About