စိုင်းသိင်္ခသူ
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အောက်တိုဘာ ၉ ရက်၊ နံနက်ပိုင်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရုံးမှာ လောက်ကိုင်မြို့ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးနှင့် အေးငြိမ်းချမ်းသာ ပြည်သူ့ပန်းခြံ အကြား ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လွယ်ကူချောမွေ့စွာ စီမံ ဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးများကို ဒေသအဆင့်နှင့် အညီ ဟိုပုံးမြို့၊ ပင်းတယမြို့၊ နမ့်ဆန်မြို့၊ လောက်ကိုင်မြို့တို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်အရ ဖွင့်လှစ်ခွင့် ရရှိခဲ့ထားပြီး ဖြစ်ကာ ယင်း ရဲကွပ်မှုအဖွဲ့မှူးရုံးကို ဒုတိယရဲမှူးကြီး အဆင့်မှ ကွပ်ကဲ အုပ်ချုပ်၍ အရာထမ်း/အမှုထမ်း စုစုပေါင်း ၁၆၆ ဦး တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
.