စိုင်းသိင်္ခသူ
.
လားရှိုးမြို့နယ်၊ မန်ပျဉ်ကျေးရွာအုပ်စု၊ လုံလကျေးရွာ၏ မြောက်ဘက်ရှိ တောတန်းအတွင်း၌ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းကို စက်တင်ဘာလ ၃၀ ရက်၊ ည ၁၂ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လူသေအလောင်း တွေ့ရှိကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ လုံလကျေးရွာ၏ မြောက်ဘက် ခြုံတောအတွင်း၌ အသက် ၃၀ ခန့်အရွယ်ရှိ အမျိုးသား (အမည်မသိ)သည် ယာဘက်လည်ပင်း ပြတ်ရှ ဒဏ်ရာ၊ ယာဘက်တံတောင်ဆစ် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ရုပ်အလောင်းအား လားရှိုးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ အမည်မသိ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်း၌ (ပ)၅၁၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ လူသတ် တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.