စိုင်းမျိုးသန့်
.
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်း
မိသားစုများမှ မောက်မယ်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်အတွက် Automatic
Temperature Detector စက်တစ်လုံးနှင့် အလှူငွေများကို ယနေ့ အောက်တိုဘာလ
၁၇ ရက်၊ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
.
မောက်မယ်မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နေ့စဉ် တာဝန်ထမ်းဆောင်နေသော
တာဝန်ကျဝန်ထမ်းများမှ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသူများကို ကိုယ်အပူချိန် တိုင်းတာရာတွင်
ထိတွေ့မှု အနည်းဆုံး ဖြစ်စေရန် ယင်းကဲ့သို့ Automatic Temperature Detector စက်တစ်လုံးနှင့်
အလှူငွေကျပ် ၂ သိန်းတို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့လှူဒါန်းရာတွင် မောက်မယ်မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် အတွင်းရေးမှူး ဒေါက်တာမြမြသန်းတို့က လက်ခံရယူပြီး
လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းသိရသည်။
.
No comments:
Post a Comment