စိုင်းမျိုးမြတ်
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် အရွယ် မရောက်သေးသည့် မိန်းကလေးငယ် တစ်ဦး အောက်တိုဘာလ ၄ ရက်က အလိုမတူဘဲ သားမယား အဖြစ် အဓမ္မ ပြုကျင့်ခံရကြောင်း သိရသည်။
.
ယင်း မိန်းကလေးငယ်မှာ အေးသာယာမြို့၊ ရပ်ကွက်(၁၀)၌ နေထိုင်သူ ဖြစ်ပြီး နေအိမ်ရှေ့ လမ်းမပေါ်တွင် ဆော့ကစား နေစဉ် တစ်ရပ်ကွက်တည်းနေ မျိုးမင်းလတ်(ခ)ချစ်ကိုက ချုံအတွင်းသို့ ခေါ်ဆောင်ကာ သားမယား အဖြစ် ပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အေးသာယာနယ်မြေရဲစခန်းမှ သိရသည်။
.
“ လောလောဆယ် သက်ငယ် မုဒိမ်းမှုနဲ့ အမှု ဖွင့်ထားပါတယ်။ ကျူးလွန်ခံရသူက ၁၆ နှစ်ပေါ့ဗျာ။ တရားခံကတော့ အသက် ၃၀ ပါ။ ကောင်မလေး ကစားနေတဲ့ အချိန်မှာ တရားခံက အရက်သေစာ သောက်စားပြီး မူးရူးနေတော့ အတင်း ဆွဲခေါ်ပြီး အဓမ္မ ပြုကျင့်ခဲ့တာပါ။” ဟု အေးသာယာနယ်မြေရဲစခန်းမှ ရဲအုပ် ခင်မောင်သိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မိဘ အုပ်ထိန်းမှုအောက်ရှိ အရွယ် မရောက်သေးသည့် မိန်းကလေးကို အလိုမတူဘဲ သားမယားအဖြစ် အဓမ္မ ပြုကျင့်ခဲ့သော မျိုးမင်းလတ်(ခ)ချစ်ကိုအား အေးသာယာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment