တောင်ကြီးမြို့နယ်၊ ပလီလင်းကျေးရွာတွင် ယာဉ်တိုက်မှု ဖြစ်၍ အမျိုးသား တစ်ဦး စိုးရိမ်ရ ဒဏ်ရာ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, October 8, 2020

တောင်ကြီးမြို့နယ်၊ ပလီလင်းကျေးရွာတွင် ယာဉ်တိုက်မှု ဖြစ်၍ အမျိုးသား တစ်ဦး စိုးရိမ်ရ ဒဏ်ရာ ရ

စုလှိုင်

.

တောင်ကြီးမြို့နယ်၊ ပလီလင်းကျေးရွာ၊ အေးသာယာ- ပလီလင်းလမ်း မိုင်တိုင် (၃/၆)နှင့် (၃/၇)ကြားတွင် အောက်တိုဘာလ ၈ ရက်၊ နံနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တစ်ဦး စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.


အေးသာယာ- ပလီလင်းသွားလမ်းအတိုင်း ရွှေညောင်မြို့၊ ရွှေဘုံသာရပ်၊ နယ်မြေ(၁)၊ ခွာညိုလမ်းနေ အသက် ၃၅ နှစ် အရွယ် ကိုမင်းမင်းသိန်း (ခ) ကျောက်လုံး မောင်းနှင်လာသော ဆိုင်ကယ်သည် ပလီလင်းကျေးရွာ၊ ထာဝရဓမ္မရိပ်သာကျောင်းတိုက် တံတားအနီး လမ်းအကွေ့သို့ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိကာ တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာနေ  အသက် ၅၀ နှစ် အရွယ် ခွန်ထွန်းအောင် မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

.

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုမင်းမင်းသိန်း () ကျောက်လုံးတွင် မျက်နှာ ပွန်းခြစ်၊ ယာလက်ဖျံ ပွန်းခြစ်၊ ယာပေါင်ဖူးရောင် ၊ ဝဲခြေသလုံး ဖူးရောင်၊ ယာခြေမျက်စိပေါက်ပြဲ စသည့် စိုးရိမ်ရ ဒဏ်ရာများ ရရှိကာ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးနေကြောင်း သိရသည်။

.

အဆိုပါ မော်တော်ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ ကိုမင်းမင်းသိန်း () ကျောက်လုံးအား တောင်ကြီးနယ်မြေ ရဲစခန်းတွင် ယာဉ်(ပ) ၁၃/၂၀၂၀ရာဇသတ်ကြီးပုဒ်မ -၂၇၉/ ၃၃၈ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About