စုလှိုင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်တွင် ယနေ့
အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းက ဆိုင်ကယ် ၂ စီး တိုက်မိပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီးမှာ စိုးရိမ်ရကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်နေ မမဲလုံးသည် အောက်တိုဘာလ
၁၉ ရက်၊ နံနက် ၁၁ နာရီခန့်က ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ပန်းမြို့တွင်းဘက်မှ
ကလောမြို့ဘက်သို့ ဆိုင်ကယ် မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊
မိုင်တိုင်အမှတ် (၇၇/၇) နှင့် (၇၇/၈) အကြား၊ အရောက်တွင် ယာဉ်ကြော မရှင်းဘဲ လမ်း၏လက်ဝဲဘက်
ဘူတာလမ်းသွယ်သို့ ချိုးကွေ့ရာ လားရာတူ နောက်မှ ကလောမြို့၊ အမှတ် (၃) ရပ်ကွက် နေ ငြိမ်းချမ်းအောင်
မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ငြိမ်းချမ်းဝင်းတွင် ဝဲဘက်လက်ကောက်ဝတ် ဖူးရောင်နာကျင်
ဒဏ်ရာ၊ ယာဘက်လက် ဖမိုးပွန်းပဲ့ ဒဏ်ရာ၊ ယာဘက်ခြေမျက်စိ ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) နှင့်
မမဲလုံးတွင် ဦးခေါင်း ဝဲဘက်ချိုစောင်း ဖူးရောင် နာကျင်ဒဏ်ရာ၊ ရင်ဘတ်အောင့် ဒဏ်ရာ
(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး
မိမိနှင့် အခြားသူအား ဒဏ်ရာရရှိစေသူ မမဲလုံး အား အောင်ပန်း နယ်မြေရဲစခန်းတွင် ယာဉ်
(ပ)၅၄/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇ /၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
.
No comments:
Post a Comment