ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ကမ္ဘားနီ-ထနောင်းပင်သွား ကားလမ်းတွင်
စက်တင်ဘာလ ၃ ရက်၊ ညပိုင်းက ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ မောင်းနှင်သူ
၂ ဦး စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
.အောင်ပန်းမြို့၊ ကမ္ဘားနီကျေးရွာအနီး၊ ကမ္ဘားနီ-ထနောင်းပင်သွား
ကားလမ်းပေါ်တွင် အောက်တိုဘာလ ၃ ရက်၊ ည ၇ နာရီခွဲခန့်က ထနောင်းပင်ကျေးရွာနေ အောင်မင်း
မောင်းနှင်သည့် မော်တော်ဆိုင်ကယ်နှင့် ကမ္ဘားနီကျေးရွာနေ မောင်ညို မောင်းနှင်လာသည့်
မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ၂ ဦးလုံးတွင် စိုးရိမ်ရဒဏ်ရာများ
ရရှိကာ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
.
အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ မော်တော်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ
ဒဏ်ရာရရှိသည်အထိ တိုက်မိစေသူ အောင်မင်းနှင့် မောင်ညိုတို့ ၂ ဦးအား အောင်ပန်းနယ်မြေရဲစခန်းတွင်
ယာဉ်(ပ)၅၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment