အောင်ပန်းတွင် နေအိမ်အတွင်း ဝင်ရောက်ခိုးယူသူတစ်ဦးကို ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, October 14, 2020

အောင်ပန်းတွင် နေအိမ်အတွင်း ဝင်ရောက်ခိုးယူသူတစ်ဦးကို ဖမ်းမိ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ အောက်တိုဘာလ ၁၄ ရက်က နေအိမ်အတွင်း ဝင်ရောက်ခိုးယူသူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


.

အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ နယ်မြေ (၉)ရှိ နေအိမ်တစ်လုံးမှ အိမ်ရှင်သည် အောက်တိုဘာလ ၅ ရက်၊ နံနက် ၁၀ နာရီခန့်က ဈေးရောင်းထွက်ပြီး ညနေ ၄ နာရီအချိန် နေအိမ်သို့ ပြန်လာစဉ် နေအိမ်အောက်ထပ် အိပ်ခန်းအတွင်း သေတ္တာဖြင့် ထည့်သွင်းသိမ်းဆည်းထားသည့် ငွေစက္ကူရောရာနှင့် ရွှေထည်ပစ္စည်း ၆ မျိုး၊ စုစုပေါင်း တန်ဖိုး ၆၅၅၀၀၀၀ ကျပ်ခန့် ပျောက်ဆုံးနေသဖြင့် အောင်ပန်းနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်းမှ (ပ) ၁၆၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် ယခင်က ခိုးမှု ၂ ကြိမ် ကျူးလွန်ပြီး ညောင်ရွှေအကျဉ်း ထောင်တွင် ထောင်ဒဏ် ၂ ကြိမ်ကျခံကာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အေးမြင့်သာယာရပ်၊ နယ်မြေ(၁)နေ လွင်မိုးအောင် (ခ) လွင်မိုး အား ခေါ်ယူစစ်ဆေးရာ ၎င်းသည်အောက်တိုဘာလ ၅ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ၎င်းနေအိမ်သို့ သက်သေများနှင့်အတူ ခိုးယူသွားသည့် ပစ္စည်းများအား သွားရောက်သိမ်းယူခဲ့ကြောင်း သိရသည်။

.

လွင်မိုးအောင် (ခ) လွင်မိုး နေအိမ်မှ သိမ်းဆည်းရမိသည့် ခိုးရာပါငွေနှင့် ရွှေထည်ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ၄၉၃၀၀၀ ကျပ်သာရှိသဖြင့် ကျန်ငွေနှင့် ပစ္စည်းများကိစ္စအပြင် အခြား ခိုးမှု ကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About