ငြိမ်းသူ
.
မိုင်းကိုင်မြို့နယ်၊ ပါကော်ကျေးရွာရှိ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်၍ ကုန်ထုတ်လမ်းနှင့် Boxculvert တံတား တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ပါကော်ကျေးရွာတွင် အရှည် ၃ မိုင်၊ အကျယ် ၁၂ ပေ၊ ထုမြေသား ၁ ပေ၊ ဗြုန်းကျောက် ၉ လက်မရှိ ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်တွင် Boxculvert တံတား တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၈၀ ခန့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
.
ကုန်ထုတ်လမ်းနှင့် တံတား တည်ဆောက်နိုင်ရေးအတွက် မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်လင်းအောင်နှင့် ဝန်ထမ်းများက ကျေးရွာ ကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ အောက်တိုဘာလ ၂၁ ရက်၊ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု၍ တိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက လယ်ယာမြေဧက ၁၇၀ ကျော်မှ လယ်ယာထွက်ကုန်များကို စျေးကွက်သို့ အချိန်မီ တင်ပို့နိုင်မည် ဖြစ်ကြောင်း မိုင်းကိုင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်းထံမှ သိရသည်။