ရှမ်းပြည်နယ် တောင်ပိုင်းမှ သူနာပြု ဆရာ/မ ၄၄ ဦးသည် COVID-19 ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် ကူညီကြမည့် သူနာပြုများအား ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ကာ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
.
အဆိုပါ ထောက်ပံ့မှုများကို ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် အမျိုးသမီးနှင့် ကလေးဆေးရုံ၊ စဝ်စံထွန်းဆေးရုံနှင့် ကမ္ဘောဇအုပ်စုတို့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။