ဂုတ်တွင်း တံတားအသစ် ဖွင့်လှစ်လိုက်သဖြင့် ကုန်တင်ယာဉ်များ ပိုမို အဆင်ပြေလာနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဂုတ်တွင်း တံတားအသစ် ဖွင့်လှစ်လိုက်သဖြင့် ကုန်တင်ယာဉ်များ ပိုမို အဆင်ပြေလာနေ

စိုင်းသိင်္ခသူ

.

မန္တလေး-လားရှိုး-မူဆယ် လမ်းပေါ်ရှိ ဂုတ်တွင်းတံတားအသစ်ကို အောက်တိုဘာလ ၂၃ ရက်က ဖွင့်လှစ်လိုက်ပြီ ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ကုန်ကဲ့ရန် မလိုတော့ဘဲ ပိုမို အဆင်ပြေ လာနေကြောင်း သိရသည်။

.

အဆိုပါ တံတားသစ်ကို အောက်တိုဘာ ၂၃ ရက်၊ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.


 

ယခင် ဘေလီသံဘောင်တံတားမှာ ကုန်နှင့် ယာဉ် ၄၈ တန်သာ ခံနိုင်ဝန် ရှိသဖြင့် ကုန်တင်ယာဉ်ကြီးများမှာ နောင်ချိုတိုးဂိတ်သို့ မရောက်မီ ကုန်ကဲ့ခြင်းများ ဆောင်ရွက်ရသည့်အတွက် အချိန်ကုန်၊ ငွေကုန် ဖြစ်ခဲ့ရပြီးနောက် ယခုတွင် ယင်းအခက်အခဲများ မရှိတော့ဘဲ အဆင်ပြေလာခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်း ဂုတ်တွင်း တံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အရေးပေါ် ရန်ပုံငွေ ကျပ်ငွေ ၈၇၄ သန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အကျယ်ပေ ၃၀၊ အရှည်ပေ ၂၁၀ ၊ တံတား ခံနိုင်ဝန် တန် ၆၀ ရှိ သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats