ရှမ်းတောင်မှ COVID-19 အတည်ပြုလူနာ ၃ ဦး ဆေးရုံဆင်းခွင့်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, October 12, 2020

ရှမ်းတောင်မှ COVID-19 အတည်ပြုလူနာ ၃ ဦး ဆေးရုံဆင်းခွင့်ရ

စုလှိုင်

.

တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော ရှမ်းပြည်နယ်တောင်ပိုင်း ဒေသမှ COVID-19 ရောဂါ အတည်ပြုလူနာ ၃ ဦး ယနေ့ အောက်တိုဘာလ ၁၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

.


.

“အောင်ပန်းက အမျိုးသမီး တစ်ယောက်၊ အေးသာယာကတစ်ယောက်၊ ပင်းတယက တစ်ယောက်၊ စုစုပေါင်း ၃ ယောက်ဆင်းတာပေါ့။ ပင်းတယနဲ့ အောင်ပန်းက Hospital Quarantine တစ်ပတ် ဆက်ထားမယ်။ ပြီးရင် Home Quarantine တစ်ပတ်ဆက်ထားမယ်။ အေးသာယာက တစ်ယောက်က Facilities Quarantine တစ်ပတ်။ Home Quarantine တစ်ပတ် ဆက်ထားမယ်” ဟု ရှမ်းပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူး ဒေါက်တာ ဇဝနကို က ကမ္ဘောဇတိုင်း သို့ပြောသည်။

.

ရှမ်းပြည်နယ်တွင် COVID -19 အတည်ပြုလူနာ ၆၆ ဦးရှိရာ ၎င်းတို့မှာ ရှမ်းပြည်နယ် တောင်ပိုင်းမှ ၄၉ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ၁၁ ဦး နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ၆ ဦး တို့ဖြစ်ပြီး ပြန်လည်သက်သာလာသူ ၃၁ ဦး နှင့် သေဆုံး ၁ ဦး ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About