လားရှိုးနှင့် ကွတ်ခိုင်မှ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများအား ‌ပြန်လည် ကျင်းပခွင့် ရရှိရေး တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လားရှိုးနှင့် ကွတ်ခိုင်မှ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများအား ‌ပြန်လည် ကျင်းပခွင့် ရရှိရေး တင်ပြထား

မင်းဇော်မင်း

.

လားရှိုးမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများအား ရွေးကောက်ပွဲ ပြန်လည် ကျင်းပခွင့် ပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြထားသည်ဟု သိရသည်။

.



.

ရှမ်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့်နယ်မြေများ မဲဆန္ဒနယ်မြေများကို ကြေညာချက် အမှတ် (၁၉၇/၂၀၂၀) ဖြင့် အောက်တိုဘာ ၁၆ ရက် က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

.

အဆိုပါ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒယ်မြေများအနက် လားရှိုးခရိုင်အတွင်းရှိ နယ်မြေများအား ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲသို့ အောက်တိုဘာလ ၁၉ ရက်တွင် တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

.

“လားရှိုးအဝင် မယ်ဟန်အုပ်စုဆိုရင် မြို့အဝင်လေးတင်ရှိတာပါ။ ၂၀၁၅ တုန်းကလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်။ အခုနယ်မြေဒေသ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်ပြီး အေးချမ်းမှုရှိတဲ့အတွက် ကွတ်ခိုင်က မန်ပြိန်း အုပ်စုဆိုရင်လည်း နယ်မြေအေးချမ်းနေတာဖြစ်လို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ခံတင်ပြလာတဲ့အတွက် မဲဆန္ဒရှင်တွေ အခွင့်အရေး တွေ ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် ပြန်လည်တင်ပြရခြင်း ဖြစ်ပါတယ်”  ဟု လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးမင်းက ကမ္ဘောဇတိုင်းသို့ပြောသည်။

.

လားရှိုးခရိုင် မယ်ဟန်အုပ်စုတွင် မဲရုံ ၂ ရုံ ၊ မဲဆန္ဒရှင် ၅၁၁၉ ဦးရှိနေပြီး ၊ ကွတ်ခိုင်မြို့နယ်မန်ပြိန်းအုပ်စုတွင် မဲရုံ ၃ရုံမဲဆန္ဒရှင် ၁၀၇၈ ဦးရှိနေကြောင်း ၎င်းထံက သိရသည်။

.

အကယ်၍ ပြန်လည်ကျင်းပခွင့်မရရှိပါက အဆိုပါ မဲဆန္ဒရှင် ၆၀၀၀ ကျော်မှာ ဆန္ဒမဲပေးပိုင်ခွင့် များဆုံးရှုံးရမည်ဖြစ်ပြီး ယင်းနယ်မြေတွင် ရွေးကောက်ခံကြမည့် ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မဲအရေအတွက်လျော့နည်းရရှိမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats