ရွာငံမြို့နယ်တွင် ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမြို့နယ်တွင် ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့နယ်၌ စက်တင်ဘာလ ၅ ရက်၊ ည​နေပိုင်းတွင် ​ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည် သွားကားလမ်းတွင် တားဆီး နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မိုင်းရှူးမြို့၊ ရပ်ကွက်(၂)နေ ဇော်ဇော်ဦး (ခ) ဇော်ဦး စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၀၀၀၀ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၅၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်​ဆေးများနှင့် အတူ ဖမ်းဆီးရမိသူအား ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထား​ကြောင်း သိရသည်။

Journal Download

Photo of three cats