စုလှိုင်
.
ရှမ်းပြည်နယ် အတွင်းရှိ မဲဆန္ဒ ရှင်စာရင်းများတွင်
နိုင်ငံသားစိစစ် ရေး ကတ်အမှတ် မပါဝင်ဘဲ အချက် အလက် မပြည့်စုံသူ မဲဆန္ဒရှင် စု
စုပေါင်း ၈ သိန်း နီးပါးခန့် ရှိနေ ကြောင်း ရှမ်းပြည်နယ် ရွေးကောက် ပွဲကော်မရှင်
အဖွဲ့ခွဲထံက သိရသည်။
.
.
ယင်းကဲ့သို့ မဲဆန္ဒရှင်အမှတ် ကွက်လပ်ဖြစ်ပေါ်နေမှုများနှင့်
ပတ် သက်၍ သက်ဆိုင်ရာမြို့နယ် လူ ဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင် အားဆိုင်ရာ
ဦးစီးဌာနများမှ သစ္စာစီ မံချက်ဖြင့် မှတ်ပုံတင်များကို ကွင်း
ဆင်းပြုလုပ်ပေးလျက်ရှိပြီး အချို့ မှာ မှတ်ပုံတင်ရှိသော်လည်း အ ကြောင်း
အမျိုးမျိုးကြောင့် မဲစာရင်း တွင် မှတ်ပုံတင်အမှတ် မပါဝင်သူများ လည်း ရှိနေသည်ဟု
သိရသည်။
“ပထမအကြိမ်
မဲစာရင်း ကပ် တုန်းက မပါတဲ့သူတွေ၊ မဲစာရင်း ကောက်တဲ့အချိန် လူမရှိလို့ မထည့်
လိုက်ရတဲ့သူတွေ၊ အကြောင်းအ မျိုးမျိုးကြောင့် မပါတဲ့သူတွေကို ဒု တိယအကြိမ် မဲစာရင်းကောက်တဲ့
အချိန်မှာ ပြန်ပြီးထည့်နိုင်တာပေါ့။ တချို့က မှတ်ပုံတင်ရှိလျက်နဲ့ ပါမသွားတဲ့
ကိစ္စတွေမှာ မှတ်ပုံ တင်အမှတ် ပြန်ထည့်နိုင်ဖို့ လုပ် နေပါတယ်” ဟု
ရှမ်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုင်ငံသား စိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေးရာတွင်
ရွေးကောက် ပွဲကာလ၌ အပြည့်အဝ ပြီးစီးနိုင်မည် မဟုတ်ဘဲ ကျန်ရစ်သူများလည်း ရှိ
နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အတွင်းရှိ မဲ ဆန္ဒရှင် စာရင်းများကို မြို့နယ်
အ လိုက် စိစစ်ရေးအဖွဲ့များ ဖွဲ့စည်း ၍ စာရင်းကောက်ယူပြီးနောက် ဇူလိုင်လ ၂၅ ရက်မှ
စတင်၍ ပ ထမအကြိမ် မဲစာရင်းကြေညာချိန် တွင် အကြောင်းအမျိုးမျိုးကြောင့်
ကျန်ရစ်ခဲ့သူများကိုလည်း ဒုတိ ယအကြိမ် စာရင်းကောက်ယူ ရာတွင်
ထပ်မံထည့်သွင်းပေးနိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း ၎င်းထံကသိရသည်။
.
ရှမ်းပြည်နယ်အတွင်း မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း
၃၅ သိန်း ခန့် ရှိကြောင်း သိရသည်။
.