ရှမ်းတောင်မှ စေတနာ့ဝန်ထမ်း သူနာပြုများ ရန်ကုန်သို့ ထပ်မံသွားရောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်မှ စေတနာ့ဝန်ထမ်း သူနာပြုများ ရန်ကုန်သို့ ထပ်မံသွားရောက်

စုလှိုင်

.

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းမှ ကျန်းမာရေးဝန်ထမ်း သူနာပြုဆရာ/ဆရာမ ၂၀ ဦးသည် စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်ရန်အတွက် စက်တင်ဘာလ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးသို့ ထပ်မံသွားရောက်ခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် သွားရောက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများမှာ ‌တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ၁၀ ဦး၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ၁ ဦး၊ လွိုင်လင် အထွေထွေရောဂါကု ဆေးရုံကြီးမှ ၂ ဦး၊ မိုင်ကိုင်ပြည်သူ့ဆေးရုံမှ ၂ ဦး၊ ကျေးသီးပြည်သူ့ဆေးရုံမှ ၂ ဦး၊ လဲချား ပြည်သူ့ဆေးရုံမှ ၁ ဦး၊ မိုးနဲပြည်သူ့ဆေးရုံမှ ၁ ဦး၊ လင်းခေးမြို့နယ်၊ ဟိုမိန်းတိုက်နယ်ဆေးရုံမှ ၁ ဦး၊ စုစုပေါင်း ၂၀ ဦးတို့ ဖြစ်ကြောင်း သိရသည်။

.

COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်တွက် ရှမ်းပြည်နယ် တောင်ပိုင်းမှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်အားဖြည့်ပေးမည့် ကျန်းမာရေးဝန်ထမ်း သူနာပြု ဆရာ/ဆရာမ များအား ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

.

ထို့အပြင် စက်တင်ဘာလ ၂၂ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှ သူနာပြု ဆရာ၊ ဆရာမ ၂၀ ဦးတို့သည် စေတနာ့ဝန်ထမ်းအဖြစ် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats