မင်းဇော်မင်း
.
UWSA ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁)ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းမြို့၊ ရောင်တိမ်းကျေးရွာ၌
စက်တင်ဘာလ ၁၁ ရက်က စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.
![]() |
(Photo - U Nyi Rang) |
“ ခေတ်နဲ့ အညီ စာတတ်ပေတတ် နောင်မျိုးဆက်သစ်တွေ မွေးထုတ်တဲ့ သဘောပေါ့၊ နိုင်ငံရေးနဲ့
စစ်ရေး သင်တန်းကျောင်းအနေနဲ့ ခေတ်နဲ့အညီ စစ်တပ်တွေရဲ့ အတွေးအခေါ်
နည်းပညာရပ်ဆိုင်ရာတွေကို ပိုမိုပြီး အဆင့် မြှင့်ဖို့ပါ။” ဟု UWSA မှ ပြောရေးဆိုခွင့်ရှိသူ
ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း
ဗိုလ်လောင်းသင်တန်းသို့ ဗိုလ်လောင်း ၁၀၀ ကျော် တက်ရောက်
သင်ကြားလေ့ကျင့်မည် ဖြစ်ကာ သင်တန်း ကာလမှာ ၄ နှစ်
ဖြစ်ပြီး နောင်မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ်ရန် လိုအပ်ချက်ကြောင့်
ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ သင်တန်းဖွင့်ပွဲအား UWSA ဥက္ကဌ ဦးပေါက်ယူချန်း၊
စစ်ဦးစီးချုပ် ကျောက်ကျုံးတန်း၊ ပြင်ပဆက်ဆံရေးဌာနမှူး
ကျောက်ကော်အန်းနှင့် တာဝန်ရှိသူများ တက်ရောက်
ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကာ UWSA တပ်ဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက်
အင်အား အများဆုံးတပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။
.