မင်းဇော်မင်း
.
အမေရိကန်နိုင်ငံတွင် COVID-19 ကာကွယ်ဆေးကို လာမည့် နိုဝင်ဘာလ
၁ ရက်တွင် စတင်ဖြန့်ဝေရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
![]() |
Photo - Bangkok Post |
.
အမေရိကန် ကူးစက်ရောဂါကာကွယ်ရေးဌာနခွဲ CDC ၏
ဒါရိုက်တာဖြစ်သူ
Robert Redfield က CDC အနေဖြင့် ကာကွယ်ဆေး
လျှင်မြန်ချောမွေ့စွာဖြန့်ချိရေးအတွက် ပြည်နယ်အစိုးရများ၏ အကူအညီလိုအပ်ကြောင်း
သြဂုတ်လ ၂၇ ရက်ကပြောကြားခဲ့သည်ဟု စက်တင်ဘာလ ၃ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
Dallas ပြည်နယ် မှ
Mckesson Corp က
ပြည်နယ်အစိုးရများနှင့် သဘောတူညီချက်ပြုလုပ်ထားပြီး ကာ ကွယ်ဆေး ဖြန့်ဝေရေး
စင်တာများ ပြုလုပ်ရန် ခွင့်ပြုမိန့်တောင်းထားသည်ဟု ဆိုသည်။
.
စတင်ဖြန့်ဝေမည့် နိုဝင်ဘာလ ၁ ရက်တွင် ကာကွယ်ဆေးဖြန့်ဝေရေးစင်တာများမှ
အပြည့်အဝ အလုပ်လုပ်နေရမည်ဟု ၎င်းက ပြောကြောင်းနှင့် CDC အနေဖြင့်
ကာကွယ်ဆေးကို မည်ကဲ့သို့ ဖြန့်ဝေပေးမည် ဆိုသည်ကို အသေးစိတ် အစီ အစဉ်များ ချမှတ်ပေးမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်ဟု သိရသည်။
.
ကာကွယ်ဆေးကို အမေရိကန်ပြည်သူများအနေဖြင့်
ပထမအကြိမ်ထိုးနှံပြီးနောက် ရက်သတ္တပတ်အနည်း ငယ် အကြာတွင် booster dose ထပ်မံထိုးနှံရန်
လိုကောင်းလိုမည်ဖြစ်သည်ဟု သိရသည်။
.
အနောက်အုပ်စုအနေဖြင့် ကာကွယ်ဆေး ၃ မျိုးမှာ နောက်ဆုံးအဆင့် Phase-3 အဆင့် ရောက်ရှိနေကြောင်း၊
လက်ရှိ လူပေါင်းထောင်ချီစမ်းသပ်နေရာတွင် အစစ်အမှန် ကာကွယ်ဆေးထိုးနှံထားသူများ၊
အသွင်တူ အစွမ်းမဲ့ကာကွယ်ဆေး (placebo) ပေးထားသူများ အားလုံးထံမှ ရလဒ်အဖြေကို ကောင်းသည်အထိ
စောင့်ရန် ဖြစ်သော်လည်း ယခုလို အမြန်ထိုးပေးခြင်းကြောင့်
ဘေးထွက်ဆိုးကျိုးများရှိနိုင်ကြောင်း WHO နှင့် ကာကွယ်ဆေးကျွမ်းကျင်သူများက သတိပေးထားကြောင်း သိရသည်။
.
အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲမှာ လာမည့် နိုဝင်ဘာ ၃
ရက် တွင် ကျင်းပမည်ဖြစ်သဖြင့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်မှ ရွေးကောက်ပွဲအမီ
စက်တင်ဘာ ၁ ရက်တွင် ဖြန့်ဝေနိုင်ရေး စီစဉ်နေခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
.