စိုင်းသိင်္ခသူ
.
၂၀၂၀ ပြည့်နှစ်ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်
ယှဉ် ပြိုင် အရွေးချယ်ခံရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အမည် စာရင်း
တင်သွင်းထားသူများ အနက် ၃၅ ဦးမှာ အရည်အချင်း မပြည့်မီ၍ ပယ်ချခဲ့ကြောင်း သိရသည်။
.
.
လွှတ်တော်မဲ ဆန္ဒနယ် အသီးသီး အတွက် ဝင်ရောက် ယှဉ်ပြိုင်ရန်
လျှောက်လွှာ တင်သွင်းလာသူ နိုင်ငံ ရေး ပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်
စားလှယ်လောင်း ၇၀၂၀ ဦး ရှိသည့် အနက် ၃၅ ဦးကို အရည်အချင်း မ ပြည့်မီ၍
ပယ်ချခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက်က နေပြည် တော်ရှိ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦး မြင့်နိုင်က မီဒီယာများအား ပြောဆိုခဲ့ သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်း
စိစစ်အတည်ပြုမှုအရ ရွေးကောက် ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် လောင်း ၆၉၆၉ ဦး
ဝင်ရောက် ယှဉ် ပြိုင်ခွင့် ရမည်ဖြစ်ပြီး ကိုယ်စားလှယ် လောင်း ၂၆ ဦးမှာ ၎င်းတို့၏
သဘော ဆန္ဒအလျောက် လျှောက်လွှာများ ပြန်လည် ရုပ်သိမ်းသွားခဲ့သည်ဟု ၎င်းက ဆိုသည်။
.
“ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေထဲမှာ အကြောင်းကြောင်း
ကြောင့် အမည်စာရင်းကနေ ပြန် ရုပ်သိမ်း သွားတဲ့သူတွေ ရှိသလို အ မည်စာရင်း
တင်သွင်းပြီးမှ ပယ်ချခံ ရတာတွေလည်း ရှိပါတယ်။ ပယ်ချခံ ရတဲ့ အဓိကအကြောင်းကတော့
ကိုယ် စားလှယ်လောင်းအရည်အချင်း သတ် မှတ်ချက်တွေနဲ့ မညီတာတွေ၊ ပြည် ထဲရေးက စိစစ်တဲ့
ဥပဒေတွေနဲ့ မညီ တာတွေကြောင့် ပယ်ချခံရတာဖြစ် ပါတယ်”ဟု ဦးမြင့်နိုင်က ပြောသည်။
.
သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥ ပဒေ ပုဒ်မ (၅၃)အရ စာရွက်စာတမ်း
များကို စိစစ်ရာတွင် မူလနိုင်ငံရေးပါ တီ
များမှ ပြီးစီးအောင် နုတ်ထွက်ခြင်း မရှိသေးဘဲ အခြားနိုင်ငံရေး ပါတီမှ ကိုယ်စားပြု
ဝင်ရောက် ယှဉ်ပြိုင်လို သူများ ပါဝင်နေသည်ကို တွေ့ရ ကြောင်းနှင့် ယင်း
ကိစ္စရပ်များမှာ ၂၀၁၅ ရွေးကောက်ပွဲကာလကပေါ် ပေါက်ခဲ့ဖူးခြင်း မရှိဘဲ ယခု ၂၀၂၀ ရွေး
ကောက်ပွဲတွင်သာ ကြုံတွေ့ လာရ ခြင်း ဖြစ်ကြောင်း၊ အချို့မှာတစ်သီး ပုဂ္ဂလ အဖြစ်
ဝင်ရောက်ယှဉ် ပြိုင်မှု များရှိနေကြာင်း ၎င်းထံကသိရသည်။
.
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြု ထုတ်ပြန်ခဲ့
သည့် ကိုယ်စားလှယ်လောင်းများ သည် စက်တင်ဘာလ ၈ ရက်မှစတင် ၍ မဲဆွယ်စည်းရုံးခွင့်
ရရှိထားပြီးဖြစ် ကြောင်း သိရသည်။
.
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအရ
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်း ပမည့် ၂၀၂ဝ ပြည့်နှစ် အထွေထွေ ရွေး ကောက်ပွဲတွင်
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒမဲပေးခွင့် ရှိသူ ၃၇ သန်း
ကျော်ရှိကြောင်း သိရသည်။
.