စုလှိုင်
.
ရှမ်းပြည်နယ်တွင် COVID-19 ကာလအတွင်း ဘာသာရပ်သင် ကျူရှင်များ ဖွင့်လှစ်သင်ကြားပါက
ဒေသန္တရ ဥပဒေများဖြင့် အရေးယူ သွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ
သိရသည်။
.
.
“ကျူရှင်
သင်တယ်ဆိုပြီး မြို့နယ် မှာ တရားဝင် တင်ပြထားတာမျိုး တော့ မရှိသေးဘူး။
လှည့်ပတ်ကြည့် ဖို့ ဆိုတာကတော့ တခြား လုပ်ငန်း တာဝန်တွေရှိတော့ အခက်အခဲ ရှိ ပါတယ်။
ရပ်ကွက်နေ ပြည်သူတွေက တရားဝင် တင်ပြလာရင် ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေကတစ်ဆင့်
ဆင့်ကဲ ဆင့်ကဲ ဆောင်ရွက်လို့ ရပါတယ်။ ရာ သက်ပန် ပိတ်သိမ်းတဲ့အထိ အရေး ယူပါတယ်။
ဘာသာရပ် သင်တယ်ဆို ရင် ပညာရေးဌာနက ကျူရှင် ဥပဒေနဲ့ မယူဘဲ COVID-19 ဆိုင်ရာ ဒေသန္တရ
ဥပဒေတွေနဲ့ အရေးယူမှာပါ” ဟု ရှမ်း ပြည်နယ် ပညာရေး ညွှန်ကြားရေး မှူး ဦးဝင်းမောင်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
လက်ရှိတွင် ဘာသာရပ်သင် ကျူရှင်များအား လုံးဝဖွင့်လှစ်ခွင့်
မ ပြုထားဘဲ ဖွင့်လှစ်နေပါကဘေးပတ် ဝန်းကျင်မှ သော်လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ တစ်ဆင့် သော်လည်းကောင်း၊ မြို့နယ် COVID-19 ရောဂါ ကာကွယ်
ထိန်းချုပ် ကုသရေးကော် မတီမှ တစ်ဆင့် သော်လည်းကောင်း တိုင်ကြားလာပါက အရေးယူသွား
မည် ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အခြေခံ ပညာကျောင်းအားလုံး၊
ကိုယ်ပိုင် ကျောင်း အားလုံးနှင့် ဘုန်းတော်ကြီး သင်ကျောင်း အားလုံးတို့အား ဩ ဂုတ်လ
၂၇ ရက်မှ စတင်၍ ယာယီ ပိတ်သိမ်းရန် ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည်ဟု သိရသည်။
.
ယင်းကဲ့သို့ အခြေခံပညာ ကျောင်းများ ပြန်လည်ပိတ်သိမ်းခဲ့
သည့်အတွက် ကျူရှင်အချို့မှာ ရပ်နား သွားသော်လည်း အချို့မှာ ဆက်လက်
ဖွင့်လှစ်နေဆဲဖြစ်သည်ဟု ဒေသခံ များထံက သိရသည်။
.
မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အခြေခံ ပညာကျောင်းများအနက် COVID-19 ကပ်ရောဂါ ကာကွယ်
ထိန်းချုပ်ကုသ ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့် ကိုက်ညီသော အထက်တန်းအ ဆင့်
ကျောင်းများကို ဇူလိုင်လ ၂၁ ရက်မှ စတင် ဖွင့်လှစ် သင်ကြားပေးခဲ့ ခြင်းဖြစ်ပြီး
ယခုအခါ COVID-19 ရောဂါ
ကူးစက်ဖြစ်ပွားသူ များပြား လာသည့်အတွက် ကျောင်းများ ယာ ယီ ပြန်ပိတ်ခြင်း
ဖြစ်ကြောင်း သိရ သည်။
.