ရှမ်းပြည်နယ် ကညနရုံးက ယာဉ်မောင်းလိုင်စင် ဖြေဆိုစစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများအား ယာယီရပ်ဆိုင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ကညနရုံးက ယာဉ်မောင်းလိုင်စင် ဖြေဆိုစစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများအား ယာယီရပ်ဆိုင်း


စုလှိုင်
.
ကုန်းလမ်း ပို့ဆောင်ရေး ဦးစီး ဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိသော ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း ပညာ ပေး သင်တန်းများနှင့် ယာဉ်မောင်း လိုင်စင် ဖြေဆိုစစ်ဆေးခြင်း လုပ်ငန်း များကို စက်တင်ဘာလ ၃ ရက်မှ စ တင်၍ ယာယီ ဆိုင်းငံ့ထားသည်ဟု သိရသည်။
.
.
“ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း ပညာပေး ဟောပြောတာတွေ ကို ခေတ္တ ရပ်ဆိုင်းထားတယ်။ တ ခြား လုပ်ငန်းတွေ လုပ်လို့ရပါတယ်။ COVID-19 ကပ်ရောဂါကြောင့်ပါ။ အ ထက်ဌာနတွေက ညွှန်ကြားမှပဲ ပြန် ဖွင့်မယ့်ရက်ကို သိရမှာပါ”ဟု ရှမ်း ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
COVID-19 ကပ်ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြို တင်ကာကွယ်သည့် အနေဖြင့် ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပ ညာပေး သင်တန်း၊ ယင်းနှင့် ဆက်စပ် လျက်ရှိသည့် ယာဉ်မောင်းလိုင်စင် ဖြေဆို စစ်ဆေးခြင်း လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းခြင်းဖြစ်ကြောင်း သိ ရသည်။
.
ယင်း လုပ်ငန်းများကို ယာယီရပ် ဆိုင်းထားသော်လည်း မော်တော်ဆိုင် ကယ်၊ မော်တော်ယာဉ်လိုင်စင် သက် တမ်းတိုးခြင်း လုပ်ငန်းကို ပုံမှန်အ တိုင်း ဆောင်ရွက်ပေးလျက် ရှိသည်။
.

Journal Download

Photo of three cats