တောင်လေးလုံးစစ်ဆေးရေးဂိတ်ကို အခိုင်အမာ တည်ဆောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်လေးလုံးစစ်ဆေးရေးဂိတ်ကို အခိုင်အမာ တည်ဆောက်

စုလှိုင်

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာအုပ်စုရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို အခိုင်အမာ တည် ဆောက်ပြီး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“စက်တင်ဘာလ ၉ ရက်က ပန္နက်ရိုက်ပါတယ်။ ဒီနေ (စက်တင်ဘာလ ၁၀ ရက်)တော့ အုတ်ခံနေပါတယ်။ အခိုင်အမာ ဆောက်ပေး တယ်ဆိုတာ ပစ္စည်းကရွေ့ပြောင်းလို့ရတဲ့ ပစ္စည်းမျိုးကိုပဲ အခိုင်အမာ ဆောက်မှာပါ။ စေတနာ့ဝန်ထမ်း တွေ အတွက် မိုးဒဏ်၊ လေဒဏ်နဲ့ အခြားဒဏ်တွေအတွက် လုံခြုံမှု ရလာမယ်။ ဝင်ပေါက် ထွက်ပေါက်မှာ အတား အဆီးလေးလုပ်ထားတဲ့အတွက် စေတနာ့ဝန်ထမ်းတွေမှာ ကူးစက်မှုတွေ လျော့ကျမယ်။ ဂိတ်မှာ လာစစ်တဲ့သူတွေ ကလည်း မိုးရွာတဲ့အခါ မိုးလုံလေလုံ နဲ့ စစ်လို့ ရမယ်။ ”ဟု တောင်လေးလုံး COVID- 19 ကျန်းမာရေး စစ်ဆေးရေးဂိတ် တွင် ဦးဆောင်သူ စေတနာ့ဝန်ထမ်းတစ်ဦး ကိုမိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ တောင်လေးလုံး CIVID- 19 ကျန်းမာရေး စစ်ဆေးဂိတ်ကို တစ်ရက်လျှင် ပျမ်းမျှ ဖြတ်သန်းသွားလာသူ ဦးရေ ၁၀၀၀ မှ ၂၀၀၀ ကြားရှိပြီး ချယ်ရီမြေမှ တွဲလက်များ အဖွဲ့ မှ လူအင်အား ၅၀ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့ဝင် များဖြင့် စစ်ဆေးပေးလျက် ရှိပြီး လိုအပ်သည်များကို ရှမ်းပြည်နယ် အစိုးရမှ နေထိုင်ရေး ၊ စားဝတ်နေရေး များကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

.

“အခုတစ်ခေါက်မှာ ရှမ်းပြည်နယ် အစိုးရက အကုန်လုံးကို ပြည့်ပြည့်စုံစုံနဲ့ နေဖို့ အိပ်ဖို့ ကုတင်တွေ၊ စောင်တွေ၊ ခြင်ထောင်တွေက အစ ပေးထားပါတယ်။ အခုလာတဲ့ ခရီးသည်တွေ က မေးမြန်းတဲ့အခါမှာ အခက်အခဲ ရှိတယ်။ ရန်ကုန်၊ မန္တလေး ကလာရင် Q ဝင်ရမယ်ဆိုတာသိနေတဲ့အတွက် လိပ်စာတွေ လိမ်ညာတာတွေ ရှိတယ်။ ”ဟု ကိုမိုးက ပြောသည်။

.

ထို့အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် ကလည်း ၂၄ နာရီလုံး လုပ်ရမှာပါ။ အခိုင်အမာဆိုပေမဲ့ ဖြုတ်လို့ ရွေ့လို့ ရမယ့်အဆောက်အဦးကိုဆောက်ပေးမယ်။ ကလောရော၊ တောင်လေးလုံးရော ဆောက်ပေးမယ်။ ရှမ်းပြည်နယ်အစိုးရက ထောက်ပံ့ငွေ ၁၀ သိန်း လည်း ရှိတယ်။ လုပ်အားပေးတွေအတွက် ကော်မတီကနေလည်းပစ္စည်းတွေ ထောက်ပံ့ထားတာရှိတယ်။ ဟိုပုံးဂိတ်ကိုလည်း လုပ်ပေးသွားမှာပါ။ Mobile Toilet တွေ တစ်စုံစီ လုပ်ပေးထားတယ်။ လုံခြုံရေး ပါစီစဉ်ထားတယ်။ ကျန်းမာရေးနဲ့ စိတ်ဓာတ်မြှင့်တင်ရေးကိုလည်း ဒီကလေးတွေအတွက် လုပ်ပေးရမယ်။ လာတဲ့ စစ်ဆေးတဲ့ Quarantine Center ကလူတွေလည်း လုပ်ပေးရမှာပဲ” ဟု ပြောဆိုခဲ့သည်။

.

တောင်လေးလုံး ကျန်းမာရေး စစ်ဆေးရေးဂိတ်သို့ လူမူဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ် ဘေးစီမံဌာန တို့မှ သံကုတင်များ၊ အိပ်ရာလိပ်များ၊ ယာယီတဲများ၊ ရေဆေးစင်များ ထောက်ပံ့ပေးထားကြောင်း ဒေါက်တာ အောင်သန်းမောင် မှ ဆက်လက်ပြောသည်။

.

တောင်လေးလုံး စစ်ဆေးရေးဂိတ်၌ လက်ရှိတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချူပ်ရေးမှူးထံမှ ထောက်ခံစာ (နေထိုင်ကြောင်း) ပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုနေပြီး ၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် ကောက်ယူခြင်းများ ပြုလုပ်နေကာ ၂၄ နာရီ စစ်ဆေးမှုဆောင်ရွက်နေပြီး ည ၁၂ မှ မနက် ၄ နာရီ အထိ ဖြတ်သန်းသော ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ကားများကို ဂိတ်အနီးနားတွင် ရပ်နား ညအိပ်စေသောကြောင့် ယာဉ်ကြော ကြပ်တည်း မှုများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats