မင်းဇော်မင်း
.
ထိုင်းနိုင်ငံ၊
မယ်ဆိုင်ဘက်သို့ ကုန်ပစ္စည်းများ တင်ဆောင် မောင်းနှင်သည့် မြန်မာနိုင်ငံဘက်မှ ယာဉ်မောင်းများအား
ပေး မဝင်တော့ကြောင်း စက်တင်ဘာလ ၁၆ ရက်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အကြောင်းကြားခဲ့ကြောင်း
သိရသည်။
.
အဆိုပါ
အကြောင်းကြားစာ၌ မြန်မာနိုင်ငံဘက်တွင် COVID-19 ရောဂါ ဖြစ်ပွားနှုန်း များပြားလာသည့်အတွက်
ယာဉ်စီးရေ ၁၆၈ စီးကိုသာ လက်ခံတော့မည် ဖြစ်ကြောင်းနှင့် တာချီလိတ်မှ မယ်ဆိုင်သို့ တံတား(၂)
မှသာ ကုန်တင်ယာဉ်များ ဝင်ရောက်၍ မြန်မာ ယာဉ်မောင်းများ အနေဖြင့် သတ်မှတ်နေရာတွင် မယ်ဆိုင်ဘက်မှ
ယာဉ်မောင်းများနှင့် လဲလှယ်လွှဲပြောင်း မောင်းနှင်ရမည် ဖြစ်ကြောင်း ပါရှိပြီး အကြောင်းကြားစာကို
မြန်မာ- ထိုင်း နယ်ခြားကော်မတီ (TBC) မှ တဆင့် ပေးပို့လာခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ
စည်းကမ်းချက်များကို ချိုးဖောက်ပါက ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၁ သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် အဆိုပါ သတ်မှတ်ချက်သည်
စက်တင်ဘာလ ၁၇ ရက်က စတင်၍ နောက်ထပ် ပြုပြင် ပြောင်းလဲမှု မရှိမခြင်း လိုက်နာကျင့်သုံးရမည်ဟု
အကြောင်းကြားစာတွင် ပါရှိသည်။
.
ယင်းအခြေအနေနှင့်
စပ်လျဉ်း၍ မြန်မာနိုင်ငံဘက်မှ မည်သို့ စီစဉ်နေသည်အား တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးချမ်းမြေ့စောအား ဆက်သွယ် မေးမြန်းရာ “ အစည်းအဝေး လုပ်နေပါတယ်။” ဟုသာ ဖြေကြားခဲ့သည်။
.
မြန်မာနိုင်ငံနှင့်
ထိုင်းနိုင်ငံတို့ ၂၀၁၆ ခုနှစ်က ချုပ်ဆိုထားသည့် စာချုပ်အရ ကွဲလွဲချက်များ ဖြစ်ပေါ်ပါက
နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးကြရမည်ဟု ပါရှိရာ နှစ်နိုင်ငံ တန်းတူညီမျှ ဖြစ်ရန်
အဓိက ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စာချုပ်တွင် မပါသည့် COVID-19 ကပ်ရောဂါ ကာလ ဖြစ်စဉ်များကို
နှစ်နိုင်ငံ တန်းတူညီမျှ ဆွေးနွေးသင့်ပြီး ယခုကဲ့သို့ မြန်မာ ယာဉ်မောင်းများကို ထားခဲ့ရမည်
ဆိုပါကလည်း အလားတူ တုံ့ပြန် ဆောင်ရွက်သွားမည်ဟု တာချီလိတ်မြို့ တာဝန်ရှိသူများက
မီဒီယာများသို့ ပြောဆိုထားသည်။