တောင်ကြီးမြို့၊ မြို့မရပ်ကွက်အတွင်း အမျိုးသားတစ်ဦး လဲကျသေဆုံးမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, September 28, 2020

တောင်ကြီးမြို့၊ မြို့မရပ်ကွက်အတွင်း အမျိုးသားတစ်ဦး လဲကျသေဆုံးမှု ဖြစ်ပွား

အောင်ဆန်းဝင်း

.

တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုတွင် ယနေ့ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁ နာရီခန့်က ဆိုင်ကယ်လာပြင်သည့် အမျိုးသား တစ်ဦး လဲကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူမှာ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ထုံးဖိုစိုက်ပျိုးရေးဝင်းအတွင်း နေထိုင်သူဖြစ်ပြီး နဂိုမူလ အတက်ရောဂါရှိသူဖြစ်ကြောင်း သိရသည်။

.

“လဲကျသေဆုံးတဲ့အမျိုးသားက ထုံးဖိုစိုက်ပျိုးရေးခြံမှာ နေထိုင်တဲ့သူပါ။ ဆိုင်ကယ်လာပြင်ရင်း အတက်ရောဂါနဲ့ လဲကျသေဆုံးမှုဖြစ်သွားတာပါ” ဟု တောင်ကြီးမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေး က ကမ္ဘောဇတိုင်းသို့ပြောသည်။

.

ယင်းအမျိုးသား လဲကျသေဆုံးမှုနှင့် ပတ်သက်၍ တောင်ကြီးမြို့နေ လူထုအကြား စိုးရိမ်ပူပန်မှုများ ရှိနေပြီး သေဆုံးမှုမှာ (ကူးစက်​ရောဂါ မဟုတ်၍) စိုးရိမ်ပူပန်ရန် မရှိကြောင်းနှင့် အမှုဖွင့်တိုင်တန်းထားမှုမရှိကြောင်း ၎င်းထံက သိရသည်။

..

No comments:

Post a Comment

Journal Download

Photo of three cats

About