ဗျတ္တ
.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) အတွင်းရှိ
ဗောဓိမဏ္ဍိုင်ကျောင်း သာသနာ့ ဝတ္တကမြေ အတွင်း အဆောက်အဦများ ဆောက်လုပ်မှု
အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများသို့ Master Plan တင်ပြ
ထားပြီးဖြစ်သည်ဟု အဆိုပါကျောင်း ဆရာတော်ထံက သိရသည်။
.
.
ဗောဓိမဏ္ဍိုင်ကျောင်းတိုက် ပိုင် သာသနာ့ဝတ္တကမြေ ၄ ဒသမ ၅
ဧကပေါ်တွင် ဆောက်လုပ်မည့် အဆောက် အဦ စီမံကိန်း များနှင့်သက်ဆိုင်သည့် Master Plan အား စက်တင်ဘာလ ၇
ရက်က ပြည်နယ်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး
ဦးဆန်းဝင်းထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်စြု သိရသည်။
.
“ကျောင်းမြေနေရာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး
ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီး ဌာန ရယ်
ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာနက တာဝန်ရှိသူတွေ စက်တင်ဘာလ ၃ ရက်နေ့က
လာရောက်ကွင်းဆင်းပြီး ဆောက်လုပ်မယ့် သာသနိကအဆောက်အဦတွေရဲ့ Master Plan ကိုတင်ပြခိုင်းပါတယ်။
သူတို့တစ်ဆင့် အစိုးရ အဖွဲ့ကို တင်ပြပေးမယ်လို့ပြောတယ်” ဗေဓီမဏ္ဍိုင်ကျောင်းတိုက်မှ
ကျောင်းထိုင်ဆရာတော် ဦးဝါယမ ကမိန့်ကြားသည်။
.
သာသနိကအဆောက်အဦများ ဆောက်လုပ်မည့် Master Plan နှင့်အတူကျောင်းတိုက်မြေနေရာပိုင်ဆိုင်မှုနှင့်
ပတ်သက်၍ သက်ဆိုင်ရာအလှူရှင်များမှ ရေစက်ချလှူဒါန်းထားသည့် စာချုပ်စာတန်းများကိုလည်း
ပူးတွဲတင်ပြ ထားပြီး ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ သာသနိကအဆောက်အဦများ ဆောက်လုပ်မှုနှင့် ပတ်သက်၍
တောင်ကြီးမြို့နယ်စည်ပင်သာယာ ရေးဌာနက ဩဂုတ်လ ၂၉ ရက်က တားမြစ်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဗောဓိမဏ္ဍိုင်ကျောင်းရှိ သာသနိကအဆောက်အဦများ
ဆောက်လုပ်မှုနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ပြုလုပ်ခဲ့သည့်
တောင်ကြီးမြို့နယ် သံဃာ့နာယကအဖွဲ့ရုံး၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ တရားဝင်
ဘုန်းတော်ကြီးကျောင်းအဖြစ် အသိအမှတ် ပြုထားပြီးဖြစ်ကြောင်း သိရသည်။
.