တောင်ကြီးမြို့ပေါ်တွင် Mask တပ်ဆင်ရေးအတွက် အဆင့် ၃ ဆင့်ဖြင့် ပညာပေး လုပ်ဆောင်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ပေါ်တွင် Mask တပ်ဆင်ရေးအတွက် အဆင့် ၃ ဆင့်ဖြင့် ပညာပေး လုပ်ဆောင်သွားမည်


မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ သွားလာနေသူများအား အဆင့် ၃ ဆင့်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
Photo - Win Naing Soe
.
“Mask မတပ်ဘဲ သွားလာနေသူတွေကို အရေးယူတာထက် အဆင့် ၃ ဆင့်နဲ့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက် သွားမှာပါ။ Mask ဝယ်ဖို့ အခက်အခဲဖြစ်တဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး Mask ဝေတာတွေ လုပ်နေတယ်။ Mask ရှိရင် Mask တပ်တဲ့ အလေ့အကျင့် ရှိလာမယ်ဆိုတဲ့ သဘောနဲ့ ကြိုးစားနေပါ တယ်” ဟု တောင်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ တောင်ကြီးမြို့ပေါ်တွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသူ တစ်ဦးကလည်း Mask မတပ်ဆင် သူများကို Mask အခမဲ့ ပေးဝေရာတွင် မယူလိုသူများ ရှိနေပြီး စည်းကမ်းလိုက်နာမှု အားနည်းနေသည်ဟု ပြောဆို ထားသည်။
.
ထိုသို့ အဆင့် ၃ ဆင့်ဖြင့် အသိပညာပေးရာတွင် ပထမအဆင့် အနေဖြင့် Mask တပ်ရန်ဆော်ဩခြင်း၊ Mask ဖြန့်ဝေ ပေးခြင်းတို့ကိုလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် Mask မတပ်ဆင်သူများကို တစ်ကြိမ်လျှင် ၂၀ ဦးနှုန်းဖြင့် အသိပညာပေးဟောပြောခြင်း၊ တတိယအဆင့်အနေဖြင့် ယင်းကဲ့သို့ Mask မတပ်ဆင်သူ များအား တစ်ကြိမ်လျှင် ၂၀ ဦးနှုန်းဖြင့် သတ်မှတ်နေရာ ၃ ခု၌ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
.


Journal Download

Photo of three cats