မင်းမင်း
.
တောင်ကြီးမြို့ပေါ် ရပ်ကွက်များ အတွင်း ဖွင့်လှစ်ထားသော
ယာယီ ပျံ ကျ ဈေးများအား ပြောင်းရွှေ့ပေးရန် အတွက် ဒေသခံများက လိုလားလျက်
ရှိကြောင်း သိရသည်။
.
.
“ပျံကျဈေးတွေက
ရပ်ကွက် အ တွင်းလမ်း ဖြစ်တာကြောင့် အလွန် ကျဉ်းပြီး ဈေးသည်/ဈေးဝယ်တွေနဲ့ အရမ်း
တိုးဝှေ့နေတော့ အခုလို ကပ် ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ဒီယာ ယီဈေးတွေဟာ
အလွန်အန္တရာယ်များ ပါတယ်။ အမြန်ဆုံး ပြောင်းရွှေ့ပေးစေ လိုပါတယ်။ ဈေးနေ့ဆိုရင်
ပိုဆိုးပါ တယ်။ လမ်းထဲမှာ လူတွေနဲ့ ပြည့် ကျပ်နေတယ်”ဟု တောင်ကြီးမြို့၊
စိန်ပန်းရပ်ကွက်နေ ဒေသခံတစ်ဦး က ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
ထို့အတူ စိန်ပန်းရပ်၊ ဒေါနလမ်း နေ မငယ်ကလည်း
“တစ်လမ်းလုံးမှာ အမှိုက်ပုံတွေ ဖြစ်နေတယ်။ လာသိမ်း သွားလည်း အနံ့က ကျန်နေတယ်။
တချို့ ဈေးသည်တွေဆိုရင် ကျင်ကြီး၊ ကျင်ငယ် လာစွန့်ကြတယ်။ အခုက ကပ်ရောဂါ
ဖြစ်ပွားနေတဲ့ အချိန်ဆို တော့ ရောဂါပိုး ကူးစက်ပြန့်ပွားလာ မှာ စိုးရိမ်ရတယ်။
အစိုးရ သက်ဆိုင် ရာ တာဝန်ရှိသူတွေ အနေနဲ့ အထူး ကြပ်မတ် ဖြေရှင်းပေး စေလိုပါတယ်” ဟု
ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ယာယီပျံကျ ဈေးများ အား လူနေရပ်ကွက်များ အတွင်း
ချ ထားပေးမှုကြောင့် လူစုလူဝေး ဖြစ်ပေါ် နေသည့်အပြင် ဈေးများမှ ထွက်ရှိ
အမှိုက်များကြောင့် ရပ်ကွက်အတွင်း အနံ့အသက်ဆိုးများ ထွက်ပေါ်နေ လျက်ရှိသည်ဟု
ဒေသခံများထံက သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ
ရေး ကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်းထူး အား ဆက်သွယ် မေးမြန်းရာတွင်
“ကျွန်တော်တို့အနေနဲ့ တစ်ခုခု လုပ် မယ်ဆိုရင် COVID-19 ကော်မတီရဲ့ ညွှန်ကြားချက်တွေနဲ့ ညှိနှိုင်းပြီး လုပ်
ရပါတယ်။ ယာယီဈေး ဖွင့်ထားတယ် ဆိုတာကတော့ စည်ပင်သာယာရဲ့ စီ မံချက် မဟုတ်ပါဘူး။
ရှမ်းပြည်နယ် အစိုးရနဲ့ COVID-19
ကော်မတီရဲ့ ညွှန်ကြားချက် ဖြစ်ပါတယ်။ ယာယီ ဈေးပြောင်းရွှေ့ဖို့နဲ့ ပတ်သက်လို့ စာ
တော့ ဝင်လာတာ မရှိသေးပါဘူး။ ဒီ လို စိန်ခေါ်မှု ကြီးမားတဲ့အချိန်မှာ အ ချိန်နဲ့
တစ်ပြေး ညီညှိနှိုင်း ဆောင်ရွက် မှု ရှိဖို့ လိုပါတယ်။ ရှမ်းပြည်နယ် အ စိုးရ၊
ကျန်းမာရေးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ စည်ပင်သာ ယာရေး ဌာနတွေ
ပူးပေါင်းပြီးတော့ ညွှန်ကြားချက် အသစ် တစ်စုံတစ်ရာ ထွက်လာရင် တင်ပြပေးပါမယ်။ ပြည်
သူတွေအနေနဲ့ မိမိကိုယ် မိမိ လုံခြုံ အောင် နေထိုင်ကြပါ။ ကိုယ့်ကျန်းမာ ရေးကိုယ်
ဂရုစိုက်ကြပါလို့ပဲ ပြောလို ပါတယ်”ဟု ပြန်လည် ပြောဆိုခဲ့ သည်။
.
COVID-19 ရောဂါ
ကူးစက်ပြန့် ပွားမှု မရှိစေရေး အတွက် ပြီးခဲ့သည့် ဧပြီလဆန်းက
တောင်ကြီးမြို့ပေါ်ရှိ ဈေး များအား ယာယီပိတ်ခဲ့ပြီးနောက် မြို့နေပြည်သူများ
အခက်အခဲ မဖြစ် ပေါ်စေရေး အတွက် ဧပြီလ ၁၇ ရက်မှ စတင်၍ တောင်ကြီးမြို့ပေါ် နေရာ ၉
ခုတွင် ယာယီပျံကျဈေးများ ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁
ရက်မှ စတင်၍ ဈေးများ ပြန်လည် ဖွင့်လှစ်ပေးခဲ့သော်လည်း ပျံကျဈေး သည်များအား
မူလသတ်မှတ်ထား သည့် နေရာများတွင်သာ ဆက်လက် ရောင်းချခွင့် ပြုထားခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ သတ်မှတ်ပေးထား သည့် ယာယီ ပျံကျဈေးများ အနက်
စိန်ပန်းရပ်ကွက်၊ ဒေါနလမ်းရှိ ယာယီ ပျံကျဈေးနှင့် ရေအေးကွင်းရပ်ကွက်၊
ကမ္ဘောဇလမ်းရှိ ယာယီပျံကျဈေးတို့ မှာ လူနေရပ်ကွက်များအတွင်း တည် ရှိ နေပြီး
ဈေးသည်/ဈေးဝယ် များပြား သည့်အတွက် ကူးစက်ရောဂါ ပျံ့နှံ့ လာမည်ကို ဒေသခံများက
စိုးရိမ်နေ ကြခြင်းဖြစ်ကြောင်း သိရသည်။
.