တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ ကြက်ခြံများမှ အနံ့အသက်ဆိုးများ ထွက်ပေါ်နေသဖြင့် ဒေသခံများ အခက်ကြုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ ကြက်ခြံများမှ အနံ့အသက်ဆိုးများ ထွက်ပေါ်နေသဖြင့် ဒေသခံများ အခက်ကြုံ


နန်းထက်ထက်
.
တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေး ရွာအုပ်စု၊ မဲဟဲကျေးရွာအတွင်း မွေး မြူထားသော ကြက်ခြံများမှ အနံ့အ သက်ဆိုးများ ထွက်ပေါ်နေမှုကြောင့် ဒေသခံများ အခက်အခဲ ဖြစ်ပေါ်နေရ ကြောင်း သိရသည်။
.
.
“ကြက်ခြံက ၁၀ ခြံကျော်ရှိတယ်။ အနံ့တွေလည်း အရမ်းနံတယ်။ အဓိ ကကတော့ သန့်ရှင်းရေး လုပ်ပေးစေ ချင်တယ်။ အနံ့အသက် မထွက်စေ ချင်ဘူး။ ဝက်ခြံကနေလည်း နံပါ တယ်”ဟု မဲဟဲကျေးရွာ အုပ်ချုပ်ရေး မှူး ဦးထွန်းကျော်က ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် မွေးမြူရေးနှင့် ကု သရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦး အောင်ကျော်စိုးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “နံတယ် ဆိုရင် ကြက်ခြံဘေးအိမ်တွေကနေ အုပ်ချုပ်ရေးမှူး ကိုတိုင်၊ အုပ်ချုပ် ရေးမှူးကနေ ကျွန်တော်တို့ မွေးကု ကို တိုင်ရင်တော့ ကျွန်တော်တို့အပါ အဝင် ထွေအုပ်နဲ့ အဖွဲ့ကနေ ကွင်း ဆင်း စစ်ဆေးတာတွေ လုပ်ပါတယ်။ အခုလို အနံ့အသက်ဆိုး ထွက်တဲ့ ရွာကိုလည်း ကွင်းဆင်းစိစစ်သွားမှာပါ” ဟု ပြန်လည် ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် ကြက်မွေးမြူရေး ဆိုင်ရာ ဇီဝလုံခြုံရေးဥပဒေ ပုဒ်မ ၃၁ တွင် ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူသည် ကြက်ခြံမှ ထွက် သော အနံ့အသက်ဆိုးများ ထိန်းချုပ် ခြင်းနှင့် ကူးစက်ရောဂါများ မဖြစ် ပေါ်ရန်အတွက် ကော်မတီ၏ စိစစ် ညွှန်ကြားချက်များကို လိုက်နာ ရန် ပျက်ကွက်ခြင်း မပြုရ ဟု ပါရှိပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက် ပါက ကျပ် ၂ သိန်းထက် မပိုသော ဒဏ်ငွေ ဖြစ်စေ၊ ကြက်မွေးမြူရေး လုပ်ငန်းအား ပိတ်သိမ်းခြင်း အမိန့် ချမှတ်ရမည်ဟု ပါရှိသည်။
.

Journal Download

Photo of three cats