မင်းမင်း
.
အခြားမြို့နယ် ဒေသများမှ တောင်ကြီးမြို့သို့ လာရောက်သူများ
အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ မှ
ထောက်ခံစာ ယူဆောင်လာ ရမည် ဖြစ်ကြောင်း သိရသည်။
.
.
ယင်းကဲ့သို့ ထောက်ခံစာ ယူဆောင်လာရမည့် အစီအစဉ်တွင် ဒေသတွင်း အနီးအနား မြို့နယ်များမှနေ့ စဉ်
ဖြတ်သန်း သွားလာနေသူများလည်း ထောက်ခံစာ လိုအပ်မည် ဖြစ်သည်ဟု သိရသည်။
“တောင်ကြီးကိုလာရင်
ထောက် ခံစာယူဆောင်လာဖို့ လိုအပ်တယ်။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် တွေလည်း
အကျုံးဝင်ပါတယ်။ နေ့စဉ် သွားလာနေရတဲ့ ဝန်ထမ်းတွေ၊ ဈေး သည်တွေ အကုန်လိုပါတယ်။ အမှန်
တ ကယ် သွားလာနေသူဆိုရင် သက် ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကလည်း ထောက်ခံစာ
ထုတ်ပေးမှာပါ။ အဲဒီလို မျိုးတော့ ထိန်းထားမှ ရတယ်။ ဒီအ တိုင်း ကျွန်တော်ကတော့
ဘယ်မြို့က ပြန်လာတာပါလို့ ပြောလို့ ဘယ်ရပါ့ မလဲ”ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်
ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
လက်ရှိတွင် ရခိုင်ပြည်နယ် အပါ အဝင် မြန်မာနိုင်ငံတစ်ဝှမ်း၌ COVID- 19 ကပ်ရောဂါ မှာ
ဒုတိယလှိုင်းအ သွင် ကူးစက်ပြန့်ပွားမှုနှုန်း များပြားနေ သည့်အတွက် ယင်းကဲ့သို့
ကန့်သတ် ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟို ပုံးမြို့နေ ဒေသခံတစ်ဦးက
“ကျန်းမာ ရေးအရ ထောက်ခံစာ ပါရမယ်ဆိုတာ လက်ခံလို့ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဘက်မှာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး က ဘယ်တော့မှ မဖွင့်ဘူး။ အုပ်ချုပ် ရေးမှူးကို
တွေ့ချင်ရင်လည်း ဘယ် လိုက်ရှာရမှန်း မသိဘူး။ ဒီတော့ ထောက်ခံစာယူဖို့ဆိုတာ အခက်အခဲ
တွေ ရှိနေပါတယ်”ဟု ၎င်း၏ အမြင် ကို ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ စစ်ဆေးမှုများ ဆောင် ရွက်နိုင်ရန်အတွက်
တောင်ကြီးမြို့ နယ် တောင်လေးလုံး ကျေးရွာတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်
လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး ဟိုပုံးမြို့အထွက် စစ်ဆေးရေးဂိတ်ကို လည်း
ပြန်လည်ဖွင့်လှစ်နိုင်ရန် အ သင့် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရ သည်။
.
“ဟိုပုံးဘက်က
စစ်ဆေးရေးဂိတ် ဖွင့်မယ်ဆိုတာကတော့ မဟုတ်သေး ပါဘူး။ လိုအပ်ရင်ဖွင့်နိုင်ဖို့
ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားတဲ့ အခြေ အနေ ဖြစ်ပါတယ်။ ဒီနေ့အထိတော့
မဖွင့်သေးပါဘူး။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်တွေအပေါ်
မူတည်ပြီး လိုအပ်ရင် ချက်ချင်းဖွင့်နိုင်အောင် ပြင်ဆင်ထား တာပါ”ဟု
ဦးဖြိုးမင်းထိုက်က ဆက်လက်ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် မတ်လမှ မေလကုန် အထိ တောင်လေးလုံးနှင့် ဟိုပုံးအ
ထွက်၌ ကျန်းမာရေး စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ် စစ်ဆေးခဲ့စဉ်က ဖြတ်သန်း
သွားလာသူအချို့မှ ခရီးစဉ် အမှန် မပြောဆိုခြင်း၊ ဖုန်းနံပါတ် အမှန်မပေးခြင်း၊ ပူးပေါင်း
ပါဝင်မှုမရှိ ခြင်းအပြင် မချေမငံ ပြောဆိုမှုများ လည်း ရှိခဲ့သည်ဟု သိရသည်။
.