မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှ တောင်ဘက် အထွက် ၂
မိုင်၊ တောင်ကြီး-ဟိုပုံး ပြည်ထောင်စု လမ်းမဘေးရှိ ဌာနဆိုင်ရာရုံးများတွင် တာဝန်
ထမ်းဆောင်နေသည့် အစိုး ရ ဝန်ထမ်းများအတွက် နေ့စဉ် ရုံး တက်ရုံး ဆင်းချိန်များတွင်
လိုင်းကား သတ်မှတ်ပြေးဆွဲပေးစေလိုကြောင်း ယင်းရုံးဌာနများတွင် တာဝန်ထမ်း
ဆောင်နေသော ဝန်ထမ်းများထံက သိရသည်။
,
.
“ကျွန်မတို့
မြို့ပြင် TBC နားက
အစိုးရရုံးတွေမှာ တာဝန်ကျတဲ့ ဝန် ထမ်းတွေအတွက် လိုင်းကားမရှိလို့ ရုံးတက်
ရုံးဆင်းချိန်တိုင်း ရုံးက နေ သစ်တောဂိတ်ကို လမ်းလျှောက်ပြီး ရုံးတက်နေရတယ်။
ဆိုင်ကယ်တွေ ကားတွေရှိတဲ့သူတွေ ကတော့ သိပ် ပြဿနာ မရှိဘူးပေါ့။ တစ်ခါတလေ
ရုံးတက်ရုံးဆင်း လိုင်းကားမမီတဲ့ အ ခါ ပိုဒုက္ခရောက်တယ်။ မြို့တွင်းပြေး ဆွဲနေတဲ့
လိုင်းကားတွေကို လမ်း ကြောင်းတိုးပြီး ပြေးဆွဲပေးတာပဲ ဖြစ်ဖြစ်၊ ဟိုပုံး-တောင်ကြီး
လိုင်းကား ကို ရုံးတက် ရုံးဆင်းချိန် သီးသန့်ပြေး ဆွဲပေးတာဖြစ်ဖြစ်
လုပ်ပေးစေချင်ပါ တယ်” ဟု အစိုးရဝန်ထမ်း တစ်ဦးက ပြောသည်။
ယင်း ရုံးများတွင် တာဝန်ထမ်း နေရသည့် ဝန်ထမ်းအချို့မှာ
တောင် ကြီးမြို့တွင်းမှ သစ်တောဂိတ်အထိ လိုင်း ကားဖြင့် လာရောက်ကာ သစ် တောဂိတ်မှ
၎င်းတို့ဌာနရုံးအထိ ၃ မိုင်ခန့် လမ်းလျှောက်၍ ရုံးတက်ရုံး ဆင်းပြုလုပ်နေရ သဖြင့်
ရုံးချိန်အမီ ရောက်ရှိကာ တာဝန်ထမ်းဆောင်နိုင် ခြင်းမရှိသည့် အခက်ခဲများ ကြုံတွေ့
နေရခြင်း ဖြစ်သည်။
.
ဝန်ထမ်းများအနေဖြင့် ယင်းရုံး ဌာနများအတွက်
သီးသန့်လိုင်းကား ပြေးဆွဲပေးစေလိုပြီး ထိုသို့ ဆောင် ရွက်ပေးပါက သတ်မှတ် ယာဉ်စီးခ
နှုန်းထား များအတိုင်း ပေးဆောင်စီး နင်းသွားမည်ဖြစ်သည်ဟု ဝန်ထမ်း များမှ ပြောဆို
လျက်ရှိသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် ပုဂ္ဂလိက မော်
တော်ယာဉ်များ ကြီးကြပ်ရေးကော်မ တီဥက္ကဋ္ဌ ဦးသန်းကျော်အား ကမ္ဘော ဇတိုင်းမှ
ဆက်သွယ်မေးမြန်းရာ “မြို့ပြင်မှာရှိတဲ့ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက်
ရုံးတက်ရုံး ဆင်း ချိန်တွေမှာ နေ့စဉ် မြို့တွင်းမြို့ ပြင် ခရီးသည်တင်ဆောင်
ပြေးဆွဲ ပေးနေတဲ့ ယာဉ်လိုင်းတွေ အနေနဲ့ သီးသန့် ပြေးဆွဲပေးဖို့အတွက် ပြည်
နယ်ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ ဝန်ကြီးတွေဆီကို သူတို့က လိပ်မူ တောင်းဆိုလို့
ခွင့်ပြုတယ် ဆိုရင် တော့ ပြေးဆွဲပေးရမှာပေါ့။ အခုထိ တော့ မြို့ပြင် TBC နားက အစိုးရ ရုံး
ဌာနတွေနဲ့ မြို့တွင်းသီးသန့် ယာဉ်လိုင်း ပြေးဆွဲပေးဖို့ စီစဉ်ထား တာ၊ ညွှန်ကြားထားတာ၊
တင်ပြထား တာ မရှိသေးပါဘူး”ဟု ပြန်လည် ပြောဆို ခဲ့သည်။
.
အဆိုပါ TBC
အနီးရှိ အစိုးရ ဌာနရုံးများတွင် တာဝန်ထမ်းဆောင် နေရသည့် ဝန်ထမ်းများတွင် တောင်
ကြီး မြို့ပေါ် ရှိ ၂၂ ရပ်ကွက်အတွင်း နေထိုင်သူများ အပြင် အနီးပတ်
ဝန်းကျင်မြို့များမှ နေ့စဉ် ရုံးဆင်း ရုံးတက် ပြုလုပ်နေရ သူများလည်း ပါရှိနေပြီး
ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် မရှိသူများ အ တွက် သွားလာရေး အခက်အခဲ
ဖြစ် ပေါ်နေရခြင်းဖြစ်ကြောင်း သိရသည်။
.