အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ တောင်ကြီးမြို့နယ်အတွင်းရှိ အလှူရှင်များမှ ဆေးဝါးနှင့် အာဟာရများ ပေးပို့ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ တောင်ကြီးမြို့နယ်အတွင်းရှိ အလှူရှင်များမှ ဆေးဝါးနှင့် အာဟာရများ ပေးပို့ လှူဒါန်း

အောင်ဆန်းဝင်း

.

COVID-19 ရောဂါ ကူးစက်ခံရသော သံဃာတော်များ ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်သို့ တောင်ကြီးမြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များမှ ဆေးဝါးနှင့် အာဟာရများ ပေးပို့ လှူဒါန်း လျက်ရှိကြောင်း သိရသည်။

.

.

COVID-19 ဒုတိယလှိုင်း ကာလအတွင်း မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူနှင့် အသက်ဆုံးပါးသူ များပြားလာပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါပိုး တွေ့ရှိသူ များပြားလာသည့်အပြင် အင်းစိန်ရွာမပရိယတ္တစာသင်တိုက်၌ သီတင်းသုံးနေသည့် သံဃာအပါး ၃၀၀ ကျော်နှင့် ဝေယျာဝစ္စ ပြုနေသူများတွင် ရောဂါကူးစက်မှု ခံစားလာရသည့် အတွက် ယင်းကဲ့သို့ ပေးပို့လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။

.

“ကျောင်းတိုက်ကို Lockdown ချထားတဲ့အတွက် ကျောင်းထဲက သံဃာတွေ အပြင်ထွက်လို့ မရသလို ကျောင်းတိုက်ထဲ ကိုလည်း အပြင်လူ ဝင်လို့မရပါဘူး။ ဒါကြောင့် ကျောင်းတိုက်ထဲမှာ သီတင်းသုံးတဲ့ ရဟန်းသံဃာတွေ ဆွမ်းကိစ္စ၊ ဆေးဝါး ကိစ္စတွေ အဆင်ပြေအောင် ဒီက အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ပေးပို့လှူဒါန်းရခြင်းဖြစ်ပါတယ်” ဟု တောင်ကြီးမြို့၊ ဓမ္မိကာယာမ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် ဦးအရိယဝံသ (ဓမ္မပါလ) က ကမ္ဘောဇတိုင်းသို့ မိန့်ကြားခဲ့သည်။

.

အဆိုပါ လှူဒါန်းမှုကို တောင်ကြီး၊ ရွှေညောင်၊ အေးသာယာ၊ အောင်သပြေ အစရှိသည့် ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် အလှူရှင်များမှ စုပေါင်းထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထပ်မံလှူဒါန်းလိုပါက ဆရာတော် ဦးအရိယဝံသ (ဓမ္မပါလ) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

.

Journal Download

Photo of three cats