အောင်ဆန်းဝင်း
.
တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ အိုလံပစ်လမ်းတွင် စက်တင်ဘာလ
၂၀ ရက်၊ ညပိုင်းက တစ်ညတည်း မော်တော် ဆိုင်ကယ် ၂ စီးဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.ဖောက်ထွင်းခိုးယူသူများသည်
တိုက်ခန်းတွဲအောက်တွင်တပ်ဆင်ထားသည့် သံတံခါးမှ မူလီများအား ဖျက်ဆီးကာ လှေကားအောက်တွင်ရပ်ထားသည့်
ဆိုင်ကယ် ၂ စီးအားခိုးယူသွားခြင်းဖြစ်ကြောင်းသိရသည်။
,
“တိုက်မှာတပ်ထားတဲ့
CCTV မှတ်တမ်းအရဆိုရင် မနက်
၃ နာရီလောက်ပေါ့။ ပါသွားတာ လှေကားအောက်မှာ ရပ်ထားတဲ့ဆိုင်ကယ်၂ စီးပါ။ အရင်ကလည်း
ဒီနားမှာဆိုင်ကယ်အခိုးခံရတာတွေမကြာခန ဖြစ်ပါတယ်” ဟု အဆိုပါတိုက်ခန်းတွဲတွင် နေထိုင်သူတစ်ဦးကပြောသည်။
.
အိုလံပစ်လမ်းအတွင်းမော်တော်ကယ်ခိုးယူမှုများမကြာခနဖြစ်ပွားတတ်ပြီး
ယခုအကြိမ်အပါအဝင် ဆိုင်ကယ်၆ စီး ခိုးယူခြင်း
ခံရခြင်းနှင့် လမ်းဘေးတွင်ရပ်နားသည့်ဆိုင်ကယ်များအား ဖျက်ဆီးမှုများလည်း ရှိတတ်ကြောင်း
သိရသည်။
.