COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာပါက သက်ဆိုင်ရာမြို့နယ်အလိုက် အရေးယူ ဆောင်ရွက်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာပါက သက်ဆိုင်ရာမြို့နယ်အလိုက် အရေးယူ ဆောင်ရွက်သွားမည်

ကမ္ဘောဇတိုင်း

.

COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မတီနှင့် ရှမ်းပြည်နယ်အစိုးရ အပါအဝင် သက်ဆိုင်ရာများမှ ထုတ်ပြန် ထားသည့် စည်းကမ်းသတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

“အသိပေးကြေညာချက်တွေ ထုတ်ထားတယ်။ ဒါပေမဲ့ မလိုက်နာကြဘူး။ အဲဒီအတွက် အရေးယူတာတွေကို လုပ်နေပါတယ်။ ပြည်နယ်အစိုးရအနေနဲ့ကတော့ ကိုယ့်မြို့နယ်အလိုက် လုပ်ပါလို့ မှာထားပါတယ်။ တစ်မြို့နယ်နဲ့ တစ်မြို့နယ်တော့ မတူဘူးပေါ့” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပြည်သူများ အနေဖြင့် မိမိနေအိမ် အတွင်း နေထိုင်ခြင်း၊ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်၊ အခမ်း အနား ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ Mask တပ်ခြင်း၊ လက်ကို စနစ်တကျဆေးခြင်း၊ Social Distancing အား တိတိကျကျ လိုက်နာခြင်းတို့အား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှု မရှိပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်က ထုတ်ပြန်ကြေညာထားသည်။

.

ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ညစဉ် ည ၁၂ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကိုလည်းကောင်း၊ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် ပါဆယ် (Take-away) စနစ်ဖြင့်သာ ရောင်းချရန် တို့ကိုလည်းကောင်း ထုတ်ပြန်ပြီး သက်ဆိုင်ရာ မြို့နယ်များအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats