ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ၂ ဦး ခန့်အပ်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ၂ ဦး ခန့်အပ်ခဲ့


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးများအဖြစ် ဒေါ်စန္ဒာ အောင်နှင့် ဦးအောင်သိန်းတို့ကို နိုင် ငံတော် သမ္မတရုံးမှ အမိန့်အမှတ် (၂၅/၂၀၂၀) နှင့် (၂၆/၂၀၂၀) တို့ဖြင့် စက်တင်ဘာလ ၃ ရက်က ခန့်အပ်ခဲ့ သည်ဟု သိရသည်။
.
.
လက်ရှိ တာဝန် ထမ်းဆောင်နေ သော ရှမ်းပြည်နယ်တရား လွှတ် တော် တရားသူကြီး ၂ ဦးအနက် တစ် ဦးသည် ဩဂုတ်လ ၂၆ ရက်တွင် အ ငြိမ်းစားယူခဲ့ပြီး ကျန်တစ်ဦးသည် လည်း အောက်တိုဘာလ ၅ ရက်တွင် အငြိမ်းစားယူမည် ဖြစ်သည့်အတွက် ရှမ်းပြည်နယ်၏ တရားစီရင်ရေး ကဏ္ဍတွင် ခါးဆက်မပြတ်စေရန် နှင့် နှောင့်နှေး ကြန့်ကြာမှု မရှိစေရန် အတွက် ရှမ်းပြည်နယ် တရားလွှတ် တော်တရားသူကြီး ၂ ဦးကို ရှမ်းပြည် နယ်လွှတ်တော်၏ အတည်ပြုချက် ဖြင့် နိုင်ငံတော်သမ္မတမှ ခန့်အပ်ခြင်း ဖြစ်သည်ဟု သိရသည်။
.
၂ ယောက်လုံးက ၅၉ နှစ် တွေ ပါ။ ဦးအောင်သိန်းက မန္တလေးတိုင်း တရားရေးဦးစီးမှူးကနေ လာတာပါ။ ဒေါ်စန္ဒာအောင် ကတော့ ပဲခူးတိုင်း ဒေသကြီး တရားရေး ဦးစီးမှူးကနေ အငြိမ်းစားယူထားတာပါ” ဟု ရှမ်း ပြည်နယ်တရား လွှတ်တော်မှ တာ ဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ရှမ်းပြည်နယ်တရား လွှတ်တော် တရားသူကြီးများ ခန့်အပ် နိုင်ရေးအတွက် စက်တင်ဘာလ ၂ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် အကြိမ် ၂၀ မြောက် ပုံမှန် အစည်းအဝေး ပထမ နေ့တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လွှတ်တော် သို့ အမည်စာရင်း တင်သွင်းပြီး လွှတ် တော်၏ အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြည်နယ်တရားလွှတ် တော်တရားသူကြီး ၂ ဦးသည် ဒေသ ခံ တိုင်းရင်းသားများ ဖြစ်ကြောင်း လည်း သိရသည်။
.
ရှမ်းပြည်နယ်တရားလွှတ်တော် တွင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးချုပ် ဦးကြွယ်ကြွယ်နှင့် အတူ ပြည်နယ်တရားလွှတ်တော် တရားသူ ကြီးများဖြစ်သည့် ဒေါ်စန္ဒာအောင်နှင့် ဦးအောင်သိန်းတို့က တာဝန် ထမ်း ဆောင်သွားမည် ဖြစ်ကြောင်း သိရ သည်။
.
၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၆)၊ တရားစီ ရင်ရေး၊ ပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ) (၁) တွင် နိုင်ငံတော် သမ္မတသည် ပြည် ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီး ချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း ပြုစု၍ ယင်းအမည်စာရင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည် နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီးသက် ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ အဖြစ် ခန့်အပ်ရန် အမည်စာရင်းကို ပြုစု၍ ယင်း အမည်စာရင်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေ သကြီး/ပြည်နယ် လွှတ်တော်သို့ ပေး ပို့ရမည်ဖြစ်ကြောင်း ပြဌာန်းဖော်ပြ ထားသည်။
.

Journal Download

Photo of three cats