ဥပဒေမဲ့ သတ်ဖြတ်မှုများ ချက်ခြင်းရပ် ခေါင်းစဉ်ဖြင့် တောင်ကြီးတွင် ငြိမ်းချမ်းရေးလှုံ့ဆော်မှု ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဥပဒေမဲ့ သတ်ဖြတ်မှုများ ချက်ခြင်းရပ် ခေါင်းစဉ်ဖြင့် တောင်ကြီးတွင် ငြိမ်းချမ်းရေးလှုံ့ဆော်မှု ပြုလုပ်

မင်းဇော်မင်း
.
တောင်ကြီးမြို့၊ ပတ္တမြားလိုဏ်ဂူတော်ဘုရား ရင်ပြင်တော်တွင် စက်တင်ဘာလ ၁၆ ရက်က အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ “ဥပဒေမဲ့ သတ်ဖြတ်မှုများ ချက်ခြင်းရပ်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးလှုံ့ဆော်မှု Campign ပြုလုပ်ခဲ့ကြောင်း သိရသည်။\
.
(Photo Credit - Nang Nang Tai)
.
အဆိုပါ လှုပ်ရှားမှုကို အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် Generation Wave (မျိုးဆက်သစ်လှိုင်း) အဖွဲ့က ဦးဆောင်၍ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းနှင့် စာနာ (Save the Natural Resources-SaNaR) အဖွဲ့တို့က လူဦးရေ ၁၂ ဦးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လာမည့် စက်တင်ဘာလ ၂၁ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဥပဒေမဲ့ သတ်ဖြတ်မှု ချက်ခြင်းရပ် စာတမ်းပါ ရှပ်အင်္ကျီများ ဝတ်ဆင်က ငြိမ်းချမ်းရေး လှုံ့ဆော်မှု ဆောင်ရွက်ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်မှ စတင်၍ အွန်လိုင်းစာမျက်နှာများမှလည်း အစိုးရအာဏာပိုင် အဖွဲ့အစည်းများသို့ တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်နန်းဝါနုထံက သိရသည်။
.
“တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဟာ ဥပဒေကို မထီမဲ့မြင်ပြုပြီး ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ရှိနေတယ်။ ရခိုင်မှာလည်း ဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာလည်း ရှိနေသေးတယ်။ ကချင်မှာလည်း ရှိတယ်။ မြန်မာ နိုင်ငံတစ်ဝှမ်းလုံးလိုလို ဖြစ်နေတဲ့ ကိစ္စတွေကို ရပ်တန့်သွားဖို့အတွက် အခုလို Campign ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ဒေါ်နန်းဝါနုက ပြောသည်။
.
အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများကို ရပ်တန့်စေရန်နှင့် နစ်နာသည့် ပြည်သူလူထုများအတွက် အရပ်ဖက်လူမှု အဖွဲ့အစည်း များက ယခုကဲ့သို့ လှုပ်ရှားမှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း စာနာ အရပ်ဘက်အဖွဲ့ ဒါရိုက်တာ ကိုဧပရယ်ကြူကြူကလည်း ပြောဆိုခဲ့သည်။
.
“အခုလို Campign ပြုလုပ်တာဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တောင်းဆိုတာ ဖြစ်တယ်ဟု စာနာ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ မမိုးကုမုဒြာညို က ပြောသည်။

Generation Wave (မျိုးဆက်သစ်လှိုင်း) အဖွဲ့ အနေဖြင့်အရပ်သားပြည်သူများ ဥပဒေမဲ့ သတ်ဖြတ်ခံနေရမှု အခြေအနေ များကို မှတ်တမ်းကောက်ယူ မှုပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်ဒီဇင်ဘာ မှ ၂၀၂၀ ခုနှစ်ဩဂုတ်လအထိ ၉ လတာ ကာလအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၇၀ ကျော် ဖြစ်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ မျိုးဆက်သစ်လှိုင်းအဖွဲ့အနေဖြင့် အခြားသောမဟာမိတ် အရပ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဥပဒေမဲ့ သတ်ဖြတ် ခံနေရမှုများကို တားဆီးဖို့ရန်အတွက် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် အွန်လိုင်း ကမ်ပိန်းများ ပြုလုပ် သွားမည်ဖြစ် သိရသည်။
.

Journal Download

Photo of three cats