COVID-19 ပိုးတွေ့လူနာ ၃ ဦးနှင့်အထက် တွေ့ရှိထားသည့် ဒေသများမှ တောင်ကြီးသို့ လာရောက်သူ အားလုံး Quarantine ဝင်ရောက်ရမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ ၃ ဦးနှင့်အထက် တွေ့ရှိထားသည့် ဒေသများမှ တောင်ကြီးသို့ လာရောက်သူ အားလုံး Quarantine ဝင်ရောက်ရမည်


မြန်မာနိုင်ငံ တစ်ဝန်းရှိ COVID-19 ပိုးတွေ့လူနာ ၃ ဦးနှင့်အထက် တွေ့ရှိထားသည့် ဒေသများမှ တောင်ကြီးမြို့သို့ လာရောက်သူ အားလုံး Quarantine (အသွားအလာ ကန့်သတ်) ဝင်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။
.

“ Positive လူနာ ၃ ဦးတွေ့တဲ့ နေရာ၊ ဘယ်က ဖြစ်ဖြစ် လာရင် Quarantine ဝင်ရမယ်။ မည်သည့် ဒေသက လာလာ Quarantine ဝင်ရမှာပေါ့။ ဒီနေ့ (စက်တင်ဘာလ ၇ ရက်)က စပြီး ပြောင်းလဲ ဆောင်ရွက်မှာပါ။” တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့နယ်သည် ရှမ်းပြည်နယ်အစိုးရ၊ ရှမ်းပြည်နယ်လွှတ်တော်၊ ရှမ်းပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ရုံးစိုက်သည့် ရှမ်းပြည်နယ်၏ မြို့တော် ဖြစ်သည့်အပြင် တောင်ကြီးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ စီမံခန့်ခွဲမှုအရ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးသို့ ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများနှင့် ရောဂါပိုး ကူးစက် ပြန့်ပွားမှု များပြားသည့် မြို့နယ်များမှ လာရောက်သူ အားလုံးသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြင်ဆင်ထားသော Community Based Facility Quarantine ဝင်ရောက်ရမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရက စက်တင်ဘာလ ၆ ရက်တွင် ညွှန်ကြားထားသည်။

Journal Download

Photo of three cats