.
တောင်ကြီးမြို့၊
သစ်တောရပ်ကွက်၊ အမှတ် (၂၁၂ )ဆက်သွယ်ရေးတပ် အနီး၊ ဗိုလ်ချုပ်လမ်းမပေါ်၌ စက်တင်ဘာလ ၁၄ ရက်၊ ည ၆ နာကျော်ခန့်တွင် ဆိုင်ကယ်
၂ စီး တိုက်မိကာ မောင်းနှင်သူများ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့၊
ကျောင်းစုကြီးရပ်ကွက်နေ ကောင်းထက်ဟိန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်သည် အမှတ်(၂၁၂)
ဆက်သွယ်ရေးတပ် အနီးသို့ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ
တစ်ဘက်ယာဉ်ကြောပေါ်သို့ ရောက်ရှိကာ မျက်နှာချင်းဆိုင် ဘက်မှ အမှတ်(၂၁၂)ဆက်သွယ်ရေးတပ်မှ
ဒုတပ်ကြပ် နေမင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်း
ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
ယင်းကဲ့သို့
ယာဉ်တိုက်မှုကြောင့် ကောင်းထက်ဟိန်းတွင် ဝဲဘက်လက်
နာကျင်ဒဏ်ရာ၊ ယာဘက် ခြေဖမိုး ပေါက်ပြဲဒဏ်ရာနှင့် ဒုတပ်ကြပ် နေမင်းတွင် နဖူးပေါက်ပြဲဒဏ်ရာ၊ ယာဘက်ခြေသလုံး၊
ဒူး၊ လက်ဖမိုး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ကောင်းထက်ဟိန်းအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့
လည်းကောင်း၊ ဒုတပ်ကြပ် နေမင်းအား အမှတ်(၂)စစ်မြေပြင်
ဆေးတပ်ရင်းသို့ လည်းကောင်း အသီးသီး ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မော်တော်ဆိုင်ကယ်ကို အရှိန် မထိန်းနိုင်ဘဲ တစ်ဘက် ယာဉ်ကြောရှိ
ဆိုင်ကယ်အား မျက်နှာချင်းဆိုင် တိုက်မိ၍ တိမ်းမှောက်ခဲ့ပြီး
မိမိနှင့် အခြားသူအား ဒဏ်ရာများ ရရှိစေသူ ကောင်းထက်ဟိန်းအား တောင်ကြီးမြို့မရဲစခန်း၌
ယာဉ်(ပ) ၂၀ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။