တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀၀ ကျော် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀၀ ကျော် ဖမ်းမိ

စိုင်းသိင်္ခသူ
.
တာချီလိတ်မြို့နယ်၊ ပါဝုန်းကျေးရွာတွင် စက်တင်ဘာလ ၁၅ ရက်၊ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာမှ အိုက်ဖတ်၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ အိမ်ရှင် အိုက်ဖတ်နှင့် အတူ မိုင်းဖြတ်မြို့နယ်၊ တောညုအုပ်စု၊ ဆွတ်ပန်းကျေးရွာနေ အိုက်နန်ဟုန်တို့အား အိမ်ရှေ့တွင် အတူ တွေ့ရပြီးနောက် ဆက်လက် ရှာဖွေရာ အိမ်အတွင်းခန်း ကြမ်းပြင်ပေါ်၌ ဆာလာအိတ်အတွင်း ထုပ်ပိုး ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၂၀၀ (အလေးချိန် ၁၉ဒသမ၅၂ ကီလို) ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည့် အိုက်ဖတ်နှင့် အိုက်နန်ဟုန်တို့အား တာချီလိတ်မြို့မ ရဲစခန်း၌ မယ(ပ)၁၂၂/၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Journal Download

Photo of three cats