တာချီလိတ်တွင် ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အမျိုးသား ၅ ဦးနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အမျိုးသား ၅ ဦးနှင့်အတူ ဖမ်းမိ

မင်းဇော်မင်း

.

တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၂၃ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်း ၅၀၀၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အမျိုးသား ၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်က တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ စိုင်းခွန်း၏ အိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နမ့်စန်မြို့နယ်၊ ဝမ်ယန်းကျေးရွာနေ စိုင်းဆိုင်လှိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း (တောင်ပေါ်)ကျေးရွာအုပ်စု၊ နာခါး(ခ)နမ့်ခမ်းကျေးရွာ နေ လီခေါ (ခ) လော်ဂေါ၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ နမ့်ခမ်းလုံကျေးရွာနေ လီယားနှင့် လော်ရိုး(ခ)လော်ကော့ တို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

ဆက်လက်ပြီး ခြံဝန်းအတွင်း ရပ်ထားသည့် ကားကို ရှာဖွေရာ ကားအတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၄၉၉၈ဝဝ ပြား၊ အလေးချိန် ၄၉ ဒသမ ၉၈ ကီလို၊ ဒေသပေါက်စျေး ငွေကျပ် ၄၉၉၈ သိန်းခန့်ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စိုင်းခွန်အပါအဝင် ၅ ဦးတို့အား တာချီလိတ်ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats