တာချီလိတ်တွင် မြို့သူမြို့သားများ၏ အလှူထည့်ဝင်မှုဖြင့် နာရီစင် တည်ဆောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် မြို့သူမြို့သားများ၏ အလှူထည့်ဝင်မှုဖြင့် နာရီစင် တည်ဆောက်

စုလှိုင်

.

တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် မြို့သူမြို့သားများ၏ အလှူငွေ ထည့်ဝင်မှုဖြင့် နာရီစင် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

လောလောဆယ် မြို့နယ်အဆင့်နဲ့ နေရာရွေးချယ်တာတို့၊ စီမံခန့်မှုကော်မတီတို့နဲ့ ညှိနှိုင်းဆွေးနွေးတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ မြို့နယ် အဆင့် ၊ စီမံခန့်မှုကော်မတီတို့နဲ့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ပြီး အဆင့်ဆင့်ကို တင်ပြပြီး လမ်းညွန်မှုနဲ့ လုပ်သွားမှာပါ။ မြို့နယ် မှာ ဒီဇိုင်းရွေးချယ်မှုတွေ၊ နေရာ ရွေးချယ်မှုတွေကို ဆောင်ရွက်နေသေးတယ်” ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးစိုင်းခွန်ဇော်ဦးက ကမ္ဘောဇတိုင်း သို့ပြောသည်။

.

တာချီလိတ်မြို့ရှိ နာရီစင်တည်ဆောက်ရန် အတွက် အုပ်ချုပ်မှု ကော်မတီ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ တည်ဆောက်ရေးကော်မတီ၊ ဘဏ္ဍငွေရှာဖွေရေး ကော်မတီ၊ ကြီးကြပ်ရေးကော်မတီ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာ ဌာန များ အားလုံးပူးပေါင်း၍ လိုအပ်သည့် ကော်မတီများဖွဲ့စည်း၍ စီမံခန့်ခွဲမှု ကော်မတီမှ ဦးဆောင်ကာ စည်ပင်သာယာရေးဌာန တို့နှင့် အားလုံးပေါင်းစပ်လုပ်ဆောင်သွားမည်ဖြစ်ပြီး အလှူရှင်များ၏ ထည့်ဝင်မှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

.

“တစ်လ နှစ်လ လောက်တော့ ပြင်ဆင်ချိန်လုပ်ရဦးမယ်။ တကယ်ဆောက်မယ်ဆိုရင် ၃ လလောက်နဲ့ ပြီးတယ်။ သို့သော် ရန်ပုံငွေ ရရှိမှုပေါ်မူတည်ပြီး ခွင့်ပြုချက် အနေနဲ့ မြို့နယ် အဆင့် ဆွေးနွေးမှုတွေရော လုပ်ရပါမယ်။ နည်းနည်း လေးတော့ ကြာဦးမယ်။ ရန်ပုံငွေ ရရှိမှုပြည့်စုံတယ်ဆိုရင် အတည်ပြုချက် တွေရပြီဆိုရင် စတင်တည်ဆောက်ဖို့က ၃ လလောက်ပဲကြာမယ်။”ဟု ဦးစိုင်းခွန်ဇော်ဦးက ဆက်လက်ပြောဆိုခဲ့သည်။

.

တာချီလိတ် မြို့သည် နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သည့်အတွက် မြို့၏ ကျက်သရေဆောမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အထိမ်းအမှတ်တစ်ခုအဖြစ် ရည်ရွယ်၍ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး၏ ဦးဆောင်မှုဖြင့် တာချီလိတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ ၊ အလှူရှင်များ ပူးပေါင်းကာ မြို့ဖွံ့ဖြိုးတိုးတတ်ရေး တစ်ရပ်အနေဖြင့် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

,

တာချီလိတ် နာရီစင် ကို တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ် (၁)တံတားထိပ်ရှိ အဝိုင်းပတ်တွင် အလှူရှင်များ ၊တာချီမြို့ရှိ လုပ်ငန်းရှင်များ ၊ ပြည်သူများ ၊ ဌာန ဆိုင်ရာများ ပူးပေါင်းကာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၏ ဦးဆောင်မှုဖြင့်  ကျပ်သန်း ၂၅၀ ကျော် အကုန်အကျခံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats