တာချီလိတ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ် စိုက်ထူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ် စိုက်ထူ

မင်းဇော်မင်း

.

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်တွင် ယနေ့ စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သိရသည်။

.

.

လာမည့် အောက်တိုဘာလ ၁ ရက်တွင် ကျရောက်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယင်းကဲ့သို့ ဆိုင်းဘုတ် စိုက်ထူခြင်းဖြစ်ပြီး ၈ ပေ x ၆ ပေ အရွယ်အစားရှိ ဆိုင်းဘုတ်တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှဖြန့်ဝေသည့် ဆောင်ပုဒ် ဖြစ်သော “လူကုန်ကူးမှုတားဆီးရေး ရှေ့တန်းကနေပါဝင်ပေး” နှင့် ရည်ရွယ်ချက် ၄ ရပ် ပါဝင်သည့် စာသားများရိုက်နှိပ်ထားကာ စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့နောက် တာချီလိတ် လေယာဉ်ကွင်းတွင် ၂၇ ပေ x ၈ ပေ အရွယ်အစားရှိ ဆိုင်းဘုတ်ကို ဆက်လက်စိုက်ထူခဲ့ရာ တာဝန်ရှိဌာနဆိုင်ရာများ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

.

အခမ်းအနားတွင် တက်ရောက်လာသူများအား လူကုန်တားတပ်ဖွဲ့တံဆိပ်ပါ COVID-19 ရောဂါကာကွယ်ရေး နှာခေါင်း စည်းများနှင့် တံဆိပ်ပါ ဘောပင်များအား ဖြန့်ဝေပေခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats