မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စက်တင်ဘာလ ၁၃
ရက်၊ ညနေပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသော ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား
၂ ဦးထံမှ သေနတ်နှင့် ခဲယမ်းများ ဖမ်းမိခဲ့ကြောင်း
သိရသည်။
.
စရတ(တသခ)မှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ စက်တင်ဘာ ၁၃ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် တာချီလိတ်မြို့၊
ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟိုတယ် တစ်ခု၏ ၅-လွှာ၊
အခန်းအမှတ် (၁၉၁၁)၌ တည်းခိုနေထိုင်သည့် ထိုင်းနိုင်ငံသား လုန်နန်ချိုင်းဆတ်ဒါနန် (ခ) ဘုဒိနှင့်
ချိုင်းဝပ်တို့ ၂ ဦးအား ပွိုင့် ၃၂ သေနတ် ၁ လက်၊
ကျည်အိမ် ၁ ခု၊ ကျည် ၃၉ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ထိုင်းနိုင်ငံသားများ၏ ထွက်ဆိုချက်အရ အဆိုပါ သေနတ်မှာ
တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်နေ အီဖန်၏ သေနတ်ဖြစ်သည့် အပြင် သေနတ် ၂ လက်ကိုလည်း ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ
ဇော်ဇော်ထွန်း (ခ) အိုက်အေးထံတွင် အပ်နှံထားကြောင်း သိရသဖြင့် ဇော်ဇော်ထွန်း (ခ) အိုက်အေး၏ နေအိမ်သို့ ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေရာ ဝမ်ချက်စတာ
တစ်လုံးထိုးသေနတ် ၁ လက်၊ လက်လုပ်ခါးချိုး တစ်လုံးထိုး သေနတ် ၁ လက်နှင့် ပွိုင့် ၃၈
စပယ်ရှယ် ကျည် ၅၀ တောင့် တို့ကို ရှာဖွေ ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား လုန်နန်ချိုင်းဆတ်ဒါနန်
(ခ) ဘုဒိနှင့် ချိုင်းဝပ်၊ မြန်မာနိုင်ငံသား အီဖန်(မ)နှင့် ဇော်ဇော်ထွန်း (ခ) အိုက်အေး တို့အား တာချီလိတ်မြို့မရဲစခန်းမှ ရှမ်းလက်နက်
၁၂(က) / (ဂ) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
No comments:
Post a Comment