မင်းဇော်မင်း
.
တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊
နာတာကျိုကျေးရွာတွင် စက်တင်ဘာလ ၁၇ ရက်၊ ညနေပိုင်းက ဓားဖြင့် ရန်ပြုလာသူအား
အသင့်ပါလာသည့် တူမီးသေနတ်ဖြင့် ပစ်ခတ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊
နာတာကျိုကျေးရွာနေ ကျဟယ်သည် စက်တင်ဘာလ ၁၇ ရက်၊ ညနေ ၄ နာရီခွဲခန့်က ကျေးရွာအနောက်ဘက် ရွာပြင်တောစပ်ရှိ
လယ်သို့ ၎င်းပိုင် တူမီးသေနတ်ကိုင်ဆောင်ကာ သွားရောက်စဉ် ယခင် စကားများခဲ့ဖူးသူ တစ်ရွာတည်းနေ
ရှဲခေ နှင့် တွေ့ဆုံရာ ရှဲခေမှ ၎င်းကိုင်ဆောင်ထားသည့် ဓါးဖြင့်ခုတ်ပစ်မည် ဟု ပြောဆိုပြီး
ဓါးဆွဲထုတ်သဖြင့် ကျဟယ်မှ အသင့်ပါလာသည့် တူမီးသေနတ်ဖြင့် တစ်ချက် ပစ်ခတ်ရာ ရှဲခေ၏ လည်ပင်းအောက်တွင်
ထိမှန်ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ တူမီးသေနတ်ဖြင့် ပစ်ခတ်သူ ကျဟယ်အား ဟောင်လိတ်နယ်မြေရဲစခန်းမှ(ပ)၂/ ၂၀၂၀၊
ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအရေးယူလျက်ရှိကြောင်း သိရသည်။
.