ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း မပြုရန် ညွှန်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း မပြုရန် ညွှန်ကြားထား

ရှမ်းပြည်နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်း မပြုတော့ဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန် ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၂၃ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

.


 

COVID-19 ရောဂါ ဆင့်ပွား ကူးစက်ခံရသူများတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ ဆိုင်ထိုင် စားသောက်ခြင်းမှ ကူးစက်ခံရသူ များစွာ ပါဝင်လာကြောင်း စိစစ်တွေ့ရှိရသဖြင့် ဆိုင်ထိုင်၍ စားသောက်ခြင်းကို ခွင့် မပြုတော့ဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ တိကျစွာလိုက်နာ ဆောင်ရွက်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ညွှန်ကြားချက်ကို ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့များ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး(လားရှိုး၊ကျိုင်းတုံ)နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီများသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌအဖြစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ အတွင်းရေးမှူးအဖြစ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ အဖွဲ့ဝင်များအဖြစ် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

.

Journal Download

Photo of three cats