စုလှိုင်
.
တောင်ကြီးမြို့ပေါ် ရပ်ကွက်များ သို့ စည်ပင်သာယာရေး ဌာနမှ
သောက်သုံးရေ ဖြန့်ဝေပေးရာတွင် ဆပ်မိန်းစနစ်ဖြင့် ဖြန့်ဝေပေးမှုအ ပေါ် ဒေသခံများမှ
ကျေနပ်ခြင်းမရှိဘဲ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
.
.
“တစ်ယူနစ်
၄၀၀ က ကိစ္စမရှိဘူး။ ကိုယ်သုံးသလောက် ပေးနိုင်တယ်။ ရေမီတာကို အဝေးကြီးမှာ တကူးတ က
သွားစစ်နေရတယ်။ ရေမီတာနဲ့ အိမ်ကြားထဲမှာ ရေပိုက်ပေါက် နေရင် အလဟဿ ပိုက်ဆံကုန်တယ်။
ကိုယ် လည်း မသုံးလိုက်ရဘဲနဲ့ ပိုက်ဆံကုန် တာပေါ့။ အိမ်ဝင်းထဲမှာပဲ တပ်ချင် ကြတဲ့သူ
ချည်းပဲ။ ကိုယ့်အိမ်ထဲမှာဆို တော့ စိတ်ချရတယ်။ နံပါတ်လည်း ကြည့်လို့ရတယ်။
ကိုယ့်ဘာသာကိုယ် ချင့်ချိန်လို့ရတာပေါ့။ အခုလို အဝေး မှာ သွားတပ်ထားတော့ အရမ်း
ဒုက္ခ ရောက်တယ်။ ခဏခဏ ဖျက်ဆီး ခံရလို့ ပြင်ရတယ်”ဟု တောင်ကြီးမြို့၊
သစ်တောရပ်ကွက်နေ ဒေသခံတစ်ဦး က ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
တောင်ကြီးမြို့ပေါ်တွင် စည်ပင် သာယာရေးဌာနမှ လက်ရှိသောက်
သုံးရေ ဖြန့်ဝေပေးနေသည့် ဆပ်မိန်း စနစ်မှာ ရပ်ကွက်လမ်းဘေး နေရာ များတွင်
ရေမီတာများကို စုပေါင်း တပ်ဆင်ထားခြင်း ဖြစ်သည့်အတွက် ရေမီတာများ မကြာခဏ ဖျက်ဆီး
ခံရခြင်း၊ ရေခလုတ်များ ပိတ်ခံရခြင်း စသည်တို့ကို ဒေသခံများက ခံစားနေ ရကြောင်း
သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ
ရေးဌာနမှ အမှုဆောင်အရာရှိ ဦးနေ လင်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာ
“ဆပ်မိန်းစနစ်တပ်တယ် ဆိုတာ ရေကို ထိန်းတာပါ။ အိမ်မှာ သွားထားလိုက်ရင် တချို့က
မီတာကို ပုံမှန် မလည်အောင် လုပ်တာမျိုး ရှိ တယ်။ ပြီးတော့ မီတာ သွားဖတ်ရင်
အိမ်ထဲကို ဝင်ချင်တိုင်း ဝင်လို့ မရဘူး။ ထိန်းသိမ်းတဲ့အခါကျတော့လည်း ရေ လိုင်းကို
ဖွင့်ချင်တယ်၊ ပိတ်ချင်တယ် ဆိုတာ တစ်အိမ်ချင်းက လုပ်တာ မ ဟုတ်ဘူး။ အတွဲလိုက်
ဆိုတော့ သူ့ စနစ်နဲ့သူ အားသာချက်၊ အားနည်း ချက်တွေတော့ ရှိတယ်။ ဒါက တစ်
နိုင်ငံလုံး ဒီစနစ်နဲ့ သွားနေတာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ဒေသခံများ အနေဖြင့် ရေမီတာ များကို ၎င်းတို့ နေအိမ်အဝင်
ရေပိုက် လိုင်းနေရာ၌ တပ်ဆင်ပေးရန် လိုလား လျက် ရှိပြီး ရေမီတာကို ကိုယ်တိုင်
ထိန်းသိမ်း စောင့်ရှောက်မှုများ ပြု လုပ်နိုင်ရန် လိုလားလျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း မြို့ ၄ မြို့၊ ရပ်ကွက် ၅၁
ရပ်ကွက်၊ ကျေး ရွာအုပ်စု ၂၄ အုပ်စုရှိပြီး မြို့နယ်လူ ဦးရေ စုစုပေါင်း ၃၈၉၁၉၁ ဦး
ရှိကာ မြို့နယ်လူဦးရေ၏ ၃၅ ဒသမ ၂၂ ရာခိုင်နှုန်း ဖြစ်သော ၁၃၇၀၆၈ ဦးမှာ
တောင်ကြီးမြို့ ပေါ် ၂၂ ရပ်ကွက် တွင် နေထိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။
.