စိုင်းမျိုးမြတ်
.
ပြည်သူများအနေဖြင့် ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရန် လိုအပ်ပြီး
ကျန်ကိစ္စရပ်များကို နိုင်ငံတော်မှ တတ် နိုင်သမျှ တာဝန်ယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
.
.Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ စက်တင်ဘာလ
၂၈ ရက်က ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
.
“ကျွန်မတို့ ပြည်သူတွေရဲ့ အဓိကတာဝန်ကတော့ ကိုယ့်ကျန်းမာရေးကိုယ်
ဂရုစိုက်ဖို့။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက် ပါ။ ပိုးဝင်ပြီဆိုရင် ဒီဟာကို ကျော်လွှားနိုင်ဖို့
စိတ်ဓါတ်အင်အားနဲ့မက နိုင်ငံတော်ကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အင်အားနဲ့ ကျော်လွှားပါ။
ကိုဗစ်ရောဂါပိုး မဝင်သေးဘူး ဆိုရင်လည်း နောင် မဝင်အောင်လို့၊ ကိုယ့်ကိုယ်ကိုယ် မကူး
စက်အောင်လို့၊ တခြားသူတွေ မကူးစက်အောင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါလို့ ကျွန်မအနေနဲ့
မေတ္တာရပ်ခံချင် ပါတယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ နိုင်ငံတော်ကနေပြီး တတ်နိုင်သမျှ တာဝန်ယူပါ့မယ်”
ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
.
ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရောဂါပိုး ရှိ/မရှိ
မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် စစ်ဆေးပေးနိုင်သော Antigen test kit ၂၀၀၀၀၀ မှာယူထားရာ ရောက်ရှိလာပြီဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်မှ စတင်၍ မြို့နယ်၊
ခရိုင်ဆေးရုံများတွင် ယင်း test kit များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊
သို့ဖြစ်၍ မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန် ကန် စမ်းသပ်စစ်ဆေးနိုင်သော test
kit များ အသုံးပြု စမ်းသပ်၍ ရောဂါပိုး တွေ့ရှိမှု ပိုများလာမည်ဖြစ်ကြောင်း၊
ယင်း ကဲ့သို့ မြန်မြန်ဆန်ဆန် သိရသည့်အတွက် စောစောစီးစီး ကုသမှုပေးနိုင်ပြီး ပျောက်ကင်းနှုန်း
ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညပိုင်းအထိ
COVID-19
ရောဂါ ကူးစက်ခံရသူ ၁၁၆၃၁ ဦး ရှိသည့်အနက် ၃၀၇၃ ဦးမှာ ရောဂါပျောက်ကင်း၍
ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး သေဆုံးသူ ၂၅၆ ဦး ရှိလာပြီဖြစ်ကာ အရှေ့တောင်အာရှနိုင်ငံများတွင်
သေဆုံးသူ တတိယအများဆုံးနေရာ၌ ရှိနေကြာင်း သိရသည်။
.