ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင် အကောင်းဆုံးနည်းပြဆု ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင် အကောင်းဆုံးနည်းပြဆု ရရှိ

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ၈ ပွဲဆက် အနိုင် ရရှိခဲ့သော ရှမ်းယူနိုက်တက်အသင်း၏ နည်းပြချုပ် ဦးအောင်နိုင်အား မြန်မာနေရှင်နယ်လိဂ်က စက်တင်ဘာလအတွက် အကောင်းဆုံး နည်းပြဆုကို စက်တင်ဘာလ ၁၉ ရက်က ပေးအပ်ခဲ့သည်။

.

ဦးအောင်နိုင် ဆုလက်ခံရယူစဉ် (Photo - Shan United)

 “ ကျွန်တော့် အသင်းသားတွေ၊ နည်းပြတွေ အားလုံး ကြိုးစားလို့ ရလာတဲ့ ရလဒ်ကို ကျွန်တော်က သူတို့ကိုယ်စား လက်ခံ ရယူပေးတဲ့ဆု ဖြစ်ပါတယ်။ အကောင်းဆုံး ပြင်ဆင်ပြီး တစ်ပွဲချင်း ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ အသင်း ရလဒ်ကောင်းတွေ ရအောင် ကြိုးစား ကစားနေတဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ အားပေးနေတဲ့ ပရိသတ်တွေ အားပေးရကျိုး နပ်အောင် ကြိုးစားနေပါတယ်” နည်းပြချုပ် ဦးအောင်နိုင်က ပြောသည်။

.

လက်ရှိ ချန်ပီယံ ဖြစ်သည့် ရှမ်းအသင်းသည် လက်ရှိတွင် ၁၅ ပွဲ ကစား၊ ၁၁ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးဇယား၏ တတိယနေရာတွင် ရပ်တည်နေပြီး ဇယားထိပ်မှ ဧရာဝတီယူနိုက်တက်နှင့် ၄ မှတ် ကွာဟနေသည်။

.

ချန်ပီယံလမ်းကြောင်းပေါ်တွင် ရောက်ရှိနေသော ရှမ်းယူနိုက်တက်သည် လက်ကျန်ပွဲ ၃ ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဆောက်သမ်းမြန်မာ၊ ရတနာပုံအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကာ လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် ဇယားထိပ်မှ ဧရာဝတီယူနိုက်တက်နှင့် ကစားရမည် ဖြစ်သည်။

.

Journal Download

Photo of three cats